တရုတ်အစိုးရက ဖမ်းထားတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုမင်းဇင်ကို မတရားဖမ်းဆီးခံထားရသူအဖြစ် အမေရိကန်အစိုးရက သတ်မှတ်လိုက်ပြီး ကိုမင်းဇင် ပြန်လည်လွတ်မြောက်ရေး ဦးစားပေးလုပ်ငန်းတရပ်အနေနဲ့ ဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် (၂၀) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
