၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး တနှစ်ကျော်ကာလအတွင်း အာဏာသိမ်းမှုနောက်ဆက်တွဲ အရပ်သားသေဆုံးမှု ၅,၆၀၀ ကျော်ထက်မနည်းရှိလာပါပြီ။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စု အမှတ်-၁ မှာ ဒီအကြောင်းချင်းရာကို အချက်အလက် အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေး လေ့လာမှုနဲ့ နိုင်ငံရေးဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းချင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗီအိုအေမြန်မာဌာန (VOA Burmese) က အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်နေပါတယ်။