မြန်မာ့အရေးလှုပ်ရှားသူ အမေရိကန်နိုင်ငံသား ဦးမင်းဇင် တရုတ်နိုင်ငံမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်နဲ့ နိုင်ငံရပ်ခြားက ပါမောက္ခတွေနဲ့ ပညာရှင် ၁၀၈ ယောက်က ဩဂုတ် ၂၇ ရက်မှာ ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။
