❏ BEP အစီအစဉ်အကြောင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကိုဗစ်-၁၉ ကပ်ဘေး ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် ပညာသင်ယူခွင့်ဆုံးရှုံးခြင်း အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ စစ်ကောင်စီနှင့် မပူးပေါင်းဘဲ သပိတ်မှောက်ရေး လှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ထမ်း ဆရာ၊ဆရာမများစွာကို ရာထူးမှ ဖယ်ရှားပြီး ၀ရမ်းထုတ် ဖမ်းဆီး၊ တရားစွဲဆိုခြင်းများကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ ထိုနည်းတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ လူငယ်များကိုလည်း ပစ်ခတ် ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချမှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူ အများစုသည် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် ပညာဆည်းပူးရန် ဆန္ဒမရှိတော့ခြင်းများ အလုံးအရင်းဖြင့် ဖြစ်ပေါ်လာခဲ့သည်။ အခြားတဖက်တွင်လည်း လူငယ်အများအပြားသည် ပြည်တွင်းနှင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင် ယူခွင့် ရရှိရန် အခွင့်အလမ်းများ ရှာဖွေခြင်းထက် မိသားစု၏ ကျန်းမာရေးနှင့် လူနေမှုဘ၀ ရှင်သန် ရပ်တည်နိုင်ရေးတို့ အတွက် ဦးစားပေး ရုန်းကန်လာကြရပါသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများစွာအနက် နိုင်ငံ၏ ပဋိပက္ခများဖြေရှင်းရေး၊ နိုင်ငံ တည် ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အစရှိသော ဖြစ်စဉ်များတွင်လည်း လူငယ်ထု၏ တွေးဆမျှော်မှန်းနိုင်မှုစွမ်းရည်နှင့် ဆန်းစစ် အဖြေရှာ ခြင်းစွမ်းရည်တို့က အရေးပါလျက်ရှိပြီး လိုအပ်မှုများလည်း ရှိနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် လူငယ်တဦးချင်းစီ၏ ပညာသင်ယူခွင့်ရနိုင်ရေးသည်လည်း အရေးကြီးလှ သဖြင့် ISP-Myanmar က BEP အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလအထိ BEP အစီအစဉ်အောက်၌ သင်တန်းအပတ်စဉ် ရှစ်ကြိမ်ခေါ်ယူထားပြီး ဖြစ်ပါသည်။ အဆိုပါ သင်တန်းရှစ်ကြိမ်သို့ လျှောက်ထားသူ ၂,၉၉၂ ဦး ရှိခဲ့သည့်အနက် ၃၈၁ ဦးကို ရွေးချယ် သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။














I want to get some information about this program. Can i apply for this program from overseas country. if u don’t mind , please reply my question. I really interested this program.
Thank you for your inquiry. We accept applications from Myanmar students, both within Myanmar and abroad.