News

Bridge Education Program (Next Generation)

ISP-Myanmar has just started the Bridge Education Program (Next Generation) on June 29, 2026. There were a total of 202 applicants. This year, we've seen not only young people residing in the country but also young Myanmar people who have reached foreign countries for various reasons applying. Due to limited resources, we could only select 50 of all those who applied to receive the training.
By ISP Admin | July 1, 2026
❏ BEP NextGen အစီအစဉ်အကြောင်း 

ISP-Myanmar ၏ Bridge Education Program (Next Generation) သင်တန်း သင်ကြားမျှဝေမှုကို ၂၀၂၆ ခုနှစ် ဇွန် ၂၉ ရက်မှာ စတင်လိုက်ပါပြီ။ ဒီအစီအစဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေကြရတဲ့ မြန်မာလူငယ်တွေအတွက် ကြားကာလပညာရေး ဖြည့်ဆည်းပေးမှုအဖြစ် ISP- Myanmar က လုပ်ဆောင်နေတာတွေထဲကတခု ဖြစ်ပါတယ်။

ISP-Myanmar အနေနဲ့ Bridge Education Program (BEP အစီအစဉ်) ကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာ စတင်ခဲ့ပြီး ငါးနှစ်တာကာလအတွင်း ရှစ်ကြိမ်ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီအစီအစဉ်မှာပါဝင်ခွင့်ရဖို့ နိုင်ငံအနှံ့ကနေ လျှောက်ထားသူ ၂,၉၉၂ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲက လူငယ် ၃၈၀ ဦးကို ရွေးချယ် သင်ကြားမျှဝေခဲ့ပြီး ဖြစ်ပါတယ်။ အခု ၂၀၂၆ ခုနှစ်မှာ ပြုလုပ်တဲ့ BEP အစီအစဉ်ကိုတော့ ဒီဇိုင်းသစ်အဖြစ် အသွင်ပြောင်းပြီး Bridge Education Program (Next Generation) ကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ်အတွက် လျှောက်ထားသူ ၂၀၂ ဦးရှိတဲ့အထဲ (ရင်းမြစ်အကန့်အသတ်ကြောင့်) ၅၀ ဦးကိုပဲ ရွေးချယ်ပြီး သင်ကြားမျှဝေပေးမှာ ဖြစ်ပါတယ်။

BEP NextGen အစီအစဉ်အတွက် သင်တန်းကာလ သုံးလ (ရက်သတ္တပတ် ၁၂ ပတ်) ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းကာလအတွင်း သုတေသီတဦးကဲ့သို့ စဉ်းစားခြင်း - သုတေသနနှင့် ပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာမှု မိတ်ဆက် (Think like a researcher: An Introduction to Research and Scholarly Investigation)၊ ဒေတာခွဲခြမ်းစိတ်ဖြာခြင်းနည်းနာမိတ်ဆက် (Introduction to Data Analytics)၊ ပြည်သူ့ရေးရာမူဝါဒဆန်းစစ်ချက်မိတ်ဆက် (Introduction to Policy Analysis)၊ ဖက်ဒရယ် အုပ်ချုပ်ရေးနှင့် ရပ်ရွာအခြေပြုပဋိပက္ခဖြေရှင်းရေး (Federal Governance and Community Conflict Resolution)၊ စီးပွားရေးဆိုင်ရာ တွေးခေါ်မှုနှင့် မြန်မာ့ပဋိပက္ခစီးပွားရေး (Economic Way of Thinking and Myanmar’s Conflict Economy)၊ နှီးနှောဖလှယ်ပွဲ အစီအစဉ်များ (Seminar Series) စတာတွေကို သင်ယူခွင့် ရကြမှာ ဖြစ်ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *