မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။
ယောမင်းကြီးဇရပ် - Talk Show ၏ (ဒုတိယရာသီအတွက် ဒုတိယစကားဝိုင်း) စကားဝိုင်းဆွေးနွေးပွဲတွင် "ပါတီများပေါင်းစည်းမှု - မှန်းချက်နှင့် နှမ်းထွက်မကိုက်သေး" ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၁၅ ရက် (အင်္ဂါနေ့) နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယောမင်းကြီးဇရပ် – Talk Show ၏ (ဒုတိယရာသီအတွက် ပထမစကားဝိုင်း) စကားဝိုင်းဆွေးနွေးပွဲတွင် “ဗဟိုမှခွာ ဒေသတည်ရာ ပြန်သွားကြပါစို့ – Going Local” ခေါင်းစဉ်ဖြင့် မတ်လ ၁ ရက် (တနင်းဂနွေ) နေ့တွင် ရန်ကုန်မြို့ ကမ်းနားလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်ရှိ Rosewood Yangon Hotel ၌ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ Going Local (Part 1)...
ယောမင်းကြီးဇရပ် -Talk Show ၏ ရှစ်ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲတွင် ” ယောမင်းကြီးဇရပ်စကားဝိုင်းကို ပြန်လည်ဆန်းစစ်ခြင်း အနာဂတ်အတွက် မြန်မာ အဆင်သင့်ဖြစ်ပြီလား ” ခေါင်းစဉ်ဖြင့် အောက်တိုဘာလ ၁၉ ရက် (စနေ)နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၊ ပြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ ယောမင်းကြီးဇရပ်စကားဝိုင်းကို...
ယောမင်းကြီးဇရပ် -Talk Show ၏ ခုနစ်ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲတွင် ” ဥတုဘေးအတွက်လှုပ်ရှားမှု – အရေးပေါ်လို့ ထိုးရမယ့် ခေါင်းလောင်း ” ခေါင်းစဉ်ဖြင့် ဇွန်လ ၂၂ ရက် (စနေ)နေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၊ ရန်ကုန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ ဥတုဘေးအတွက်လှုပ်ရှားမှု – အရေးပေါ်လို့ ထိုးရမယ့်...