Yaw Min Gyi Zayat

ယောမင်းကြီးဇရပ် စကားဝိုင်း – အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀ (အပိုင်း ၅)

By ISP Admin | September 14, 2018

ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲဟာ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ အစီအစဉ်သစ်တခုဖြစ်ပြီး ဆွေးနွေး မှုတွေဟာ နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ဝိသေသနှင့် စိတ်ဓာတ် တည်ဆောက်ရေး၊ လူမှု အဖွဲ့အစည်း အားကောင်း ခိုင်မာရေးတို့အတွက် တတပ်တအား ဖြစ်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။
စကားဝိုင်းဆွေးနွေးပွဲမှာ မြန်မာ့လူ့ဘောင်ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ တန်ဖိုးထားမှုတွေနဲ့ ပြဿနာတွေကို ဆန်းစစ်သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂါတ်ကာလအတွက် မျှော်မြင်ချက် လားရာတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ပွဲဦးထွက်မှာတော့ “အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀” ခေါင်းစဉ်နဲ့ ယောမင်းကြီးဇရပ် စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၈ ရက်က ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။



Leave a Reply

Your email address will not be published. Required fields are marked *