သြဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သော ယောမင်းကြီး ဇရပ် (Talk Show) ဒုတိယမြောက် စကားဝိုင်း ဆွေးနွေးပွဲ ဖြစ်ပါသည်။
ယောမင်းကြီး ဇရပ် ဒုတိယမြောက် စကားဝိုင်း ဆွေးနွေးပွဲကို “အကျပ်အတည်းအတွင်းမှ ခေါင်းဆောင်မှု – အိပ်ရင်းမတ်တတ် လမ်းလျှောက်နေခြင်းလော၊ မဟာဗျူဟာမြောက် စွန့်ဦး တီထွင် ခေါင်းဆောင်လော” ခေါင်းစဉ်ဖြင့် ISP Myanmar က စီစဉ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စကားဝိုင်းတွင် ပန်းပျိုးလက် ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၊ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်း၊ စွန့်ဦးတီထွင် လုပ်ငန်းရှင် ဦးငွေထွန်း (ဉာဏ်ကြီးရှင် ကော်ဖီ)၊ မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ PEN International ၏ ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် မသီတာ (စမ်းချောင်း)၊ လူငယ်စာရေးဆရာ ဒေါက်တာ ဖြိုးသီဟ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးဖိုးချစ်နှင့် ISP Myanmar ၏ ပြင်ပ ဆက်ဆံ ဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းတို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်
နားထောင်သူ ပရိသတ် ၇၀၀ ကျော် ရှိခဲ့ပါသည်။
ဆွေးနွေးပွဲကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။
ယောမင်းကြီးဇရပ် (Talk Show) – ဒုတိယမြောက်စကားဝိုင်း (အပိုင်း ၁)
ယောမင်းကြီးဇရပ် (Talk Show) – ဒုတိယမြောက်စကားဝိုင်း (အပိုင်း ၂)
ယောမင်းကြီးဇရပ် (Talk Show) ဒုတိယမြောက်စကားဝိုင်း (အပိုင်း ၃၊ နောက်ဆုံးပိုင်း)