Photo – AFP
စစ်အာဏာသိမ်းမှု လေးနှစ်ကျော်ကာလ နိုင်ငံတဝန်း၌ အရပ်သား ၁၀ ဦးထက်မနည်း အစုအပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၉၇ ခုထက်မနည်းရှိခဲ့သည်။ ယင်းအနက် ဖြစ်စဉ် ၃၂ ခုမှာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်များကြောင့် တနှစ်အတွင်း အရပ်သား ၅၉၉ ဦးထက်မနည်း သေဆုံးခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း အစုအပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် အရပ်သားသေဆုံးမှုမှာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ၁၈၀ ဦးထက်မနည်း သေဆုံးခဲ့သည်။


ISP-M2026-001
၂၀၂၅ ခုနှစ်အတွင်း အစုအပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ၃၂ ခုထက်မနည်း ရှိခဲ့
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၁/၂၀၂၆ (ISP-M2026- 001) ဖြစ်သည်။
