Photo – AFP
‘စစ်ဆင်ရေး ၁၀၂၇’နောက်ပိုင်းတွင် မြန်မာနိုင်ငံရှိ မြို့နယ် ၃၄ ခုတွင် ကျားဖြန့်လုပ်ငန်း ၇၅ ခုထက်မနည်း အသစ်တိုးလာခဲ့သည်။ အဆိုပါကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ဒေသက ကျားဖြန့်လုပ်ငန်းများသည် ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်အလယ်ပိုင်းဒေသများသို့ ရွှေ့ပြောင်းလာကြသည်။ ထို့အပြင် ကရင်ပြည်နယ် မြဝတီမြို့နယ်က ကျားဖြန့်လုပ်ငန်းများမှာလည်း ဖြိုခွဲခံရပြီးနောက် မြဝတီမြို့နယ်အတွင်းရှိ နေရာအသစ်များနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့ပါ ရွှေ့ပြောင်းလာကြသည်။


ISP-M2026-002
ကျားဖြန့်လုပ်ငန်း ၇၅ ခုထက်မနည်း အသစ်တိုးလာ
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၂/၂၀၂၆ (ISP-M2026- 002) ဖြစ်သည်။
