Photo – AFP
နိုင်ငံတဝန်းတွင် တော်လှန်ရေးတပ်ဖွဲ့များက ဧရိယာ ၂၅၆,၀၀၀ စတုရန်းကီလိုမီတာထက်မနည်းကို အပြည့်အဝထိန်း ချုပ်ထားသည်။ ယင်းအကျယ်အဝန်းသည် တနိုင်ငံလုံးဧရိယာ၏ ၃၈ ရာနှုန်းခန့်ရှိသည်။ စစ်ကော်မရှင်က ဆုံးရှုံးခဲ့ရသော အခြေစိုက်တပ်စခန်းများအနက် ၂၆ ခုကို ယခုနှစ်အတွင်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း အခြေစိုက်စခန်းပေါင်း ၁၅၀ ထက်မနည်းကိုမူ လက်လွှတ်ထားရဆဲဖြစ်သည်။ ဆုံးရှုံးခဲ့သောမြို့များအနက် ၁၅ မြို့ကို စစ်ကောင်မရှင်က ပြန်လည်ထိန်းချုပ်ခဲ့ပြီး တော်လှန်ရေးတပ်များက ၈၇ မြို့ကို ထိန်းချုပ်ထားဆဲဖြစ်သည်။


ISP-M2026-003
နိုင်ငံတဝန်း နယ်မြေ ၃၈ ရာနှုန်းခန့်ကို စစ်ကော်မရှင် လက်လွှတ်ထားရ
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၃/၂၀၂၆ (ISP-M2026- 003) ဖြစ်သည်။
