Photo – AFP
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအလွန် KNU/KNLA ၏ စစ်ဆင်ရေးအများစုသည် ပြည်မဘက်ကို တိုးချဲ့ထိန်းချုပ်နိုင်ရေးထက် မြန်မာ-ထိုင်းနယ်စပ်မျဉ်းဘက် ဆန့်ထုတ်ထိန်းချုပ်နိုင်ရေးကို အလေးပေးဦးတည်ခဲ့သည်။ စစ်အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ် နယ်နိမိတ်အရှည် ၂,၄၁၆ ကီလိုမီတာရှိသည့်အနက် ကီလိုမီတာ ၈၉၀ ကျော် (၃၇ ရာခိုင်နှုန်း) ကို KNU/KNLA က ထိန်းချုပ်ထားသည်။


ISP-M2026-013
မြန်မာ-ထိုင်း နယ်စပ်မျဉ်း၏ ၃၇ ရာခိုင်နှုန်းကို KNU ထိန်းချုပ်ထား
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ် ( ၁၃ ) ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်တော့တဲ့ ဖားစည်မြေ တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၁၃/၂၀၂၆ (ISP-M2026- 013) ဖြစ်သည်။
