Photo – AFP
မြန်မာ-ထိုင်းနယ်စပ်တွင် ဒုက္ခသည်စခန်းပေါင်း ကိုးခုရှိပြီး ခြောက်ခုမှာ ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် နယ်စပ်မျဥ်းတလျှောက်တွင် ရှိသည်။ ၎င်းတို့အနက် မယ်လဒုက္ခသည်စခန်းသည် အကြီးဆုံးဖြစ်သည်။ The Border Consortium ၏ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ ၃၇,၃၆၃ ယောက် ရှိသည်။


ISP-M2026-014
ကရင်ပြည်နယ်နှင့် ထိစပ်နေသော ဒုက္ခသည်စခန်း ခြောက်ခုရှိ
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော ‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ် ( ၁၃ ) ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်တော့တဲ့ ဖားစည်မြေ တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၁၄/၂၀၂၆ (ISP-M2026- 014) ဖြစ်သည်။
