ကွတ်ခိုင်-နမ့်ဖတ်ကာ လမ်းပိုင်းတနေရာ။
Photo – (The Kokang/Facebook)
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၊ နယ်စပ်ဂိတ်များနှင့် စီးပွားရေးဗဟိုချက်မြို့များကို MNDAA က အများဆုံး ထိန်းချုပ်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်တကြောကို MNDAA နှင့် UWSA တို့က ညှိနှိုင်းမျှဝေထိန်းချုပ်ထားသည်။ MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခနှင့် ဆက်နွှယ်သည့် စီးပွားရေး အခင်းအကျင်းတွင် အရေးအပါဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်လာသည်။


ISP-M2026-016
MNDAA ထိန်းချုပ်မှုအောက်က မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော ‘ISP Political & Conflict Economy Tracker (PCET2026-03) – မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် MNDAA အဓိကဇာတ်ကောင် ဖြစ်လာ’ တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၁၆/၂၀၂၆ (ISP-M2026- 016) ဖြစ်သည်။
