Photo – AFP
အမှတ်-၁ အာရှလမ်းမကြီး (ကရင်ပြည်နယ်အတွင်းဖြတ်သန်းမှု ၁၆၉ ကီလိုမီတာဝန်းကျင်)ကို အပိုင်းလိုက်ခွဲကြည့်ပါက ငါးပိုင်းရှိသည့်အနက် လေးပိုင်းကို မြန်မာစစ်တပ်က ထိန်းချုပ်ထားသည်။ ကျန်အပိုင်းကို KNA၊ BGF တို့နှင့်အတူ မြန်မာစစ်တပ်က (တရားဝင်သဘောမဟုတ်သည့်တိုင်) ညှိနှိုင်း/မျှဝေထိန်းချုပ်ထားသည်။ ကော့ကရိတ်-မြဝတီ(လမ်းဟောင်း)ကို KNU/KNLA၊ PDF ပူးပေါင်းတပ်များနှင့်အပြိုင် မြန်မာစစ်တပ်က ထိန်းချုပ်ထားပါသည်။ ကျန်အစားထိုးလမ်းဖြစ်သော ၁၀၁၈ လမ်းကို KNA က အပြည့်အဝထိန်းချုပ်ထားပြီး ရင်ကွဲတောင်လမ်းကို KNA၊ BGF နှင့် KNU/KNLA-PC တို့က ညှိနှိုင်း/မျှဝေထိန်းချုပ်ထားသည်။ ကြက်ဥတောင်လမ်းကို KNU/KNLA-PC နှင့် မြန်မာစစ်တပ်က ညှိနှိုင်း/မျှဝေထိန်းချုပ်ထားပါသည်။ ထို့ကော်ကိုးလမ်းတွင်မူ လက်နက်ကိုင်အဖွဲ့စုံရှိနေသည်။


ISP-M2026-018
ပင်မကုန်သွယ်ရေးလမ်းကြောင်းအများစုကို မြန်မာစစ်တပ် ပြန်လည်ထိန်းချုပ်ထား
ယခုမြေပုံသည် ISP-Myanmar က ထုတ်ဝေထားသော ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက် တွင် ဖော်ပြပါရှိသည့် ISP ညွှန်းပြမြေပုံ ၁၈/၂၀၂၆ (ISP-M2026- 018) ဖြစ်သည်။
