ထားဝယ်-ရတနာပုံ-မြစ်ဆုံ၊ ဖွံ့ဖြိုးရေးအိပ်မက်အတွက် မေးခွန်းများ
ဒီတပတ် ‘ISP နဲ့အတူ မိနစ် ၃၀’ အစီအစဉ်မှာ ‘ဦးမင်းအောင်လှိုင်အစိုးရက ကြိုးပမ်းနေတဲ့ စီမံကိန်းကြီးတွေရဲ့ နောက်ခံအကြောင်းအရာနဲ့ လက်ရှိလုပ်ဆောင်နေမှု အခြေအနေ ဘယ်လိုရှိနေလဲ၊ ဒီလုပ်ဆောင်မှုတွေက စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆီ ဦးတည်ရဲ့လား’ဆိုတာတွေကို လူငယ်သုတေသီတွေက ဆန်းစစ်ဆွေးနွေးကြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။
