Photo – AFP
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ငါးနှစ်တာမှာ ISP-Myanmar က Bridge Education Program (BEP) ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို စတင်ခဲ့တုန်းက လူငယ်တွေရဲ့ ပညာရေး လစ်ဟင်းမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့၊ ကြားကာလပညာရေးပံ့ပိုးပေးနိုင်ဖို့နဲ့ ဝေဖန်ပိုင်းခြားပညာရေး အားကောင်းလာစေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်အထိ သင်တန်းအပတ်စဉ် ရှစ်ကြိမ် လုပ်ခဲ့ပြီး လက်ခံသင်ကြားပို့ချပေးခဲ့တဲ့ ကျောင်းသားကျောင်းသူ ၃၈၀ ဦးရှိခဲ့ပါတယ်။ အဲဒီအထဲက ၃၁၁ ဦးဟာ အောင်မြင်စွာ သင်တန်းပြီးမြောက်ခဲ့ကြပါတယ်။
အခု ၂၀၂၆ ခုနှစ်မှာတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေကြားထဲမှာပဲ စစ်မကော်ရှင်က လုပ်ခဲ့တဲ့ (ဝေဖန်ရှုတ်ချမှုတွေအများကြီး ရှိခဲ့တဲ့) ရွေးကောက်ပွဲ ပြီးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့အတူ တိုင်းပြည်ရဲ့ ရှိရင်းစွဲ ပဋိပက္ခထုထည်အပေါ်မှာ ထပ်ဆောင်းမယ့် စိန်ခေါ်မှုအသစ်တွေနဲ့ အခြေအနေသစ်တွေ ပေါ်လာနိုင်ပါတယ်။ တဖက်မှာလည်း အရေးတကြီး ဖြည့်ဆည်းရမယ့် စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှု အရည်အသွေး လိုအပ်ချက်တွေလည်း ဖြစ်ပေါ်စေပါတယ်။ လူငယ်ခေါင်းဆောင်သစ်တွေအနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွေမှာ လူမှုအသိုက်အဝန်းတွေကို မတည်ငြိမ်မှုတွေထဲကနေ ရေရှည်တည်တံ့တဲ့ အုပ်ချုပ်ရေးစနစ်ဆီ၊ ငြိမ်းချမ်းတဲ့ စီးပွားရေးအရ ပေါကြွယ်ဝတဲ့ လူမှုအသိုက်အဝန်းဆီ ဘယ်လိုဘယ်ပုံ တည်ဆောက်ကူးပြောင်းမယ်ဆိုတာကို သိရှိနားလည်စေဖို့ ISP-Myanmar ရဲ့ BEP အစီအစဉ်ကို ဒီဇိုင်းသစ်နဲ့ မျှဝေပို့ချသွားမှာဖြစ်ပါတယ်။

Bridge Education Program │ Next Generation အတွက် လျှောက်ထားနိုင်ပါပြီ
၂၀၂၆ ခုနှစ်၊ ဇွန်လမှာ BEP NextGen အစီအစဥ်ကို စတင်မှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ အပေါ်က Link ကနေ ဝင်ရောက်ပြီး Google Form မှာ အချက်အလက်တွေကို ဧပြီလ ၉ ရက် ညနေ ၅ နာရီထက် နောက်မကျစေဘဲ ဖြည့်စွက်လျှောက်ထားနိုင်ပါတယ်။ အခု သင်တန်းအပတ်စဉ်မှာလည်း လူဦးရေ ၅၀ ဦးကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ သင်တန်းကြေးတစုံတရာပေးဖို့မလိုဘဲ အခမဲ့ဖြစ်ပါတယ်။





❏ BEP အစီအစဉ်အကြောင်း
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကိုဗစ်-၁၉ ကပ်ဘေး ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံရှိ လူငယ်အများအပြားသည် ပညာသင်ယူခွင့်ဆုံးရှုံးခြင်း အန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ စစ်ကောင်စီနှင့် မပူးပေါင်းဘဲ သပိတ်မှောက်ရေး လှုပ်ရှားမှု (Civil Disobedience Movement- CDM) တွင် ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများစွာကို ရာထူးမှ ဖယ်ရှားပြီး ၀ရမ်းထုတ် ဖမ်းဆီး၊ တရားစွဲဆိုခြင်းများကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ ထိုနည်းတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ လူငယ်များကိုလည်း ပစ်ခတ်ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချမှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်။ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူ အများစုသည် စစ်ကောင်စီ လက်အောက်တွင် ဆက်လက် ပညာဆည်းပူးရန် ဆန္ဒမရှိတော့ခြင်းများ အလုံးအရင်းဖြင့် ဖြစ်ပေါ်လာခဲ့သည်။ အခြားတဖက်တွင်လည်း လူငယ်အများအပြားသည် ပြည်တွင်းနှင့် နိုင်ငံတကာတက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိရန် အခွင့်အလမ်းများ ရှာဖွေခြင်းထက် မိသားစု၏ ကျန်းမာရေးနှင့် လူနေမှုဘ၀ ရှင်သန်ရပ်တည်နိုင်ရေးတို့ အတွက် ဦးစားပေး ရုန်းကန်လာကြရပါသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများစွာအနက် နိုင်ငံ၏ ပဋိပက္ခများဖြေရှင်းရေး၊ နိုင်ငံ တည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အစရှိသော ဖြစ်စဉ်များတွင်လည်း လူငယ်ထု၏ တွေးဆမျှော်မှန်းနိုင်မှုစွမ်းရည်နှင့် ဆန်းစစ် အဖြေရှာခြင်းစွမ်းရည်တို့က အရေးပါလျက်ရှိပြီး လိုအပ်မှုများလည်း ရှိနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် လူငယ်တဦးချင်းစီ၏ ပညာသင်ယူခွင့်ရနိုင်ရေးသည်လည်း အရေးကြီးလှသဖြင့် ISP-Myanmar က BEP အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဧပြီလအထိ BEP အစီအစဉ်အောက်၌ သင်တန်းအပတ်စဉ် ရှစ်ကြိမ်ခေါ်ယူထားပြီး ဖြစ်ပါသည်။ အဆိုပါ သင်တန်းရှစ်ကြိမ်သို့ လျှောက်ထားသူ ၂,၉၉၂ ဦး ရှိခဲ့သည့်အနက် ၃၈၁ ဦးကို ရွေးချယ်သင်ကြားပေးခဲ့ပြီး ဖြစ်ပါသည်။

Bridge Education Program │ Next Generation အတွက် လျှောက်ထားနိုင်ပါပြီ

nawlicesoe15@gmail. com
Lurn Lurn Maung
အသက်အရွယ်ကန့်သတ်ချက်ကရော ပညာသင်ကြားခွင့်ကို ဆုံးရှုံးသွားစေသော ဖယ်ကျဥ်းမူတစ်ခုအဖြစ် ရှုမြင်လို့ရမလားဗျ။