Featured လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု – မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ ISP's OnPoint by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
6 Feb 2025 ISP-Myanmar ၏ BEP အစီအစဉ် အဋ္ဌမပတ်သင်တန်း သင်ကြားမှု စတင် ISP-Myanmar ၏ BEP အစီအစဉ် အဋ္ဌမပတ်သင်တန်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်မှာ စတင်လိုက်ပါပြီ။ အခု အဋ္ဌမပတ် သင်တန်းအတွက် လျှောက်ထားခဲ့သူ စုစုပေါင်း ၂၄၅ ဦးရှိခဲ့ပါတယ်။ ဒီနှစ်မှာတော့ ပြည်တွင်းနေ လူငယ်တွေတင်မကဘဲ ပြည်ပနိုင်ငံတွေဆီ အကြောင်းမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာလူငယ်တွေပါ ဝင်ရောက် လျှောက်ထားခဲ့တာ တွေ့ရပါတယ်။ ဒီလို လျှောက်ထားခဲ့သူ အားလုံးကို လက်ခံသင်ကြားပေးနိုင်ဖို့မှာ ရင်းမြစ်အကန့်အသတ်ရှိတာကြောင့် ၅၀ ဦးကိုပဲ ရွေးချယ်ခဲ့ရပါတယ်။
29 Aug 2024 ISP-Myanmar ၏ BEP အစီအစဉ် သတ္တမပတ်သင်တန်း သင်ကြားမှု စတင် ISP-Myanmar is now accepting applications for the Bridge Education Program (Batch 7). This three-month intensive program will commence in mid-October 2024. Interested applicants must submit their applications by 5 PM (Myanmar Time) on September 15, 2024.
28 Sep 2021 Others ISP-Myanmar ၏ Bridge Education Program သင်ကြားမှု စတင် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် လူငယ်များ၏ ပညာရေးအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းမှုအဖြစ် ISP-Myanmar က လုပ်ဆောင်ခဲ့သော အစီအစဉ်သစ်တခု ဖြစ်သည့် Bridge Education Program သို့ တက်ရောက်လိုသူများအား လျှောက်လွှာ ခေါ်ယူခြင်းကို ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ပြုလုပ်ခဲ့ပါသည်။ လူငယ်များ၏ ပညာရေး တက်လမ်းအတွက် ကြားကာလ ပညာရေး ဖြည့်ဆည်းမှု အနေဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်သောအဆိုပါ အစီအစဉ်၌ ပါဝင်ခွင့်ရရန် နိုင်ငံအနှံ့မှ အရည်အသွေး ကောင်းမွန်သည့် လျှောက်လွှာ များစွာ လက်ခံ ရရှိခဲ့ပါသည်။အစီအစဉ်၌ ပါဝင်ခွင့်ရရေးအတွက် အချိန်ပေး အားထုတ် ကြိုးပမ်း၍ လျှောက်ထားခဲ့ကြသူ တဦးချင်းစီ တိုင်းကို ကျေးဇူးတင်ရှိပါကြောင်း ပဏာမ အနေဖြင့် ပြောကြားလိုပါသည်။ ငွေကြေးတစုံတရာ ပေးရန်မလိုဘဲ အခမဲ့ သင်ကြားပေးခြင်း ဖြစ်သော Bridge Education Program သို့ တက်ရောက်ခွင့် ရမည့်သူများအား ရွေးချယ်ခြင်းကို အဆင့်သုံးဆင့်ဖြင့် ပြုလုပ်ခဲ့ပါသည်။ ပထမအဆင့်တွင် လျှောက်လွှာများအား ပဏာမ စိစစ်ခဲ့ပြီး၊ဒုတိယ အဆင့်တွင် ကနဦး ရွေးချယ်ခံရသူများအား အင်္ဂလိပ်စာ အရည်အချင်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ ထို့နောက် နောက်ဆုံးအဆင့် အနေဖြင့် လူတွေ့မေးမြန်းခြင်းကို online မှတဆင့် video call ခေါ်ယူ၍ ပြုလုပ်ခဲ့ပါသည်။ နိုင်ငံအနှံ့မှ လျှောက်လွှာပေါင်း ၂၃၆ စောင် လက်ခံရရှိခဲ့ပြီး ယခုအခါ Bridge Education Program သို့ တက်ရောက်ခွင့်ရသူ ၃၁ ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပါသည်။ လျှောက်လွှာများအား အရည်အချင်းနှင့် လိုအပ်ချက် တို့ကို အခြေခံရွေးချယ်ပြီး ထိုစံနှုန်း နှစ်ရပ်တွင် မျှခြေ အနေအထားရှိသည့် လျှောက်လွှာရှင်များကို ဦးစားပေး ရွေးချယ်ခဲ့ရာ ယှဉ်ပြိုင်မှု များခဲ့ပါသည်။ သို့ရာတွင် အစီအစဉ်အတွက် လက်ခံနိုင်သည့် ဦးရေမှာ အကန့်အသတ် ရှိသောကြောင့် ယခု အပတ်စဉ်အတွက် ၃၁ ဦးကိုသာ ရွေးချယ်ခဲ့ရခြင်း ဖြစ်ပါသည်။ အစီအစဉ်အတွက် ရွေးချယ်ခံရသူများကို ကြိုဆိုခြင်းနှင့် အစီအစဉ် စတင်ခြင်းကို စက်တင်ဘာ ၂၆ ရက်တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ပါသည်။ ထို့နောက် Bridge Education Program အား ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် စတင်သင်ကြားခဲ့ပြီး သင်တန်းကာလမှာ သုံးလတာ ကြာမြင့်မည် ဖြစ်ပါသည်။ ❏ အစီအစဉ်၏ ရည်ရွယ်ချက် ISP-Myanmar က ယခု လုပ်ဆောင်သည့် “Bridge Education Program” သည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရသည့် လူငယ်များ၏ ပညာရေးအတွက် တတ်စွမ်းသမျှ ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းခြင်း ဖြစ်ပါသည်။ လူငယ်များ၏ပညာရေး တက်လမ်းအတွက် ကြားကာလ ပညာရေး ဖြည့်ဆည်းမှုအနေဖြင့် လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။ လက်ရှိအချိန်တွင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် ကိုဗစ်ကပ်ဘေး ရိုက်ခတ်မှုများကြောင့် မြန်မာနိုင်ငံတွင်ပညာသင်ယူခွင့် ဆုံးရှုံးခြင်း အန္တရာယ်ကို ရင်ဆိုင် ကြုံတွေ့ နေကြရသည်။ စစ်ကောင်စီနှင့် မပူးပေါင်း သပိတ်မှောက်ရေးလှုပ်ရှားမှု (CDM) ပါဝင်ခဲ့သည့် ဆရာ-ဆရာမ များစွာကို အာဏာသိမ်း စစ်ကောင်စီက ရာထူးမှ ထုတ်ပစ်ပြီး ဖမ်းဆီးမှုများ၊ ၀ရမ်းထုတ် တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။ ထိုနည်းတူ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သောကျောင်းသား ကျောင်းသူ လူငယ်များကိုလည်း ပစ်ခတ် ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက် ထောင်သွင်း အကျဉ်းချမှုများကိုဆက်တိုက် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျောင်းသား ကျောင်းသူ အများစုသည် အာဏာသိမ်း စစ်တပ်၏ လက်အောက်တွင်ဆက်လက် ပညာဆည်းပူးရန် ဆန္ဒမရှိတော့ပေ။ ထိုအခြေအနေတွင် ကိုဗစ်ကပ်ဘေး၏ ရိုက်ခတ်မှုများကလည်း တပူပေါ် နှစ်ပူဆင့် ဖြစ်စေခဲ့သည်။ လူငယ်များ အနေဖြင့်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိရန်အခွင့်အလမ်းများ ရှာဖွေခြင်းထက် မိသားစု၏ ကျန်းမာရေးနှင့် လူမှုနေမှုဘ၀ ရှင်သန် ရပ်တည်နိုင်ရေးတို့ အတွက် ဦးစားပေးရုန်းကန် လာကြရပါသည်။ မည်သို့ပင်ဖြစ်စေ ယခု ရင်ဆိုင် ကြုံတွေ့နေရသော ပြဿနာ များစွာအနက် နိုင်ငံ၏ ပဋိပက္ခများ ဖြေရှင်းရေး၊ နိုင်ငံ တည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အစရှိသော ဖြစ်စဉ်များတွင်လည်း လူငယ်ထု၏ တွေးဆ မျှော်မှန်းနိုင်မှု စွမ်းရည်နှင့် ဆန်းစစ် အဖြေရှာခြင်း စွမ်းရည်တို့က အရေးပါလျက် ရှိပြီး လိုအပ်မှုများလည်း ရှိနေသည်။ ထို့ကြောင့် လူငယ် တဦးချင်းစီ၏ ပညာသင်ယူခွင့် ရနိုင်ရေးသည် နိုင်ငံတည်ဆောက်ရေး ဖြစ်စဉ်အတွက်အလွန် အရေးကြီးလှပါသည်။ ❏ သင်ကြားပို့ချပေးမည့် ဘာသာရပ်များ ▲ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု (Academic Skills) နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် ပညာရေးတွင် စနစ်တကျ ဆန်းစစ်ဝေဖန် တွေးခေါ်ခြင်း၊ တွေ့ရှိချက်များကို နည်းနာနိဿယများနှင့်အညီသုံးသပ် တင်ပြခြင်းတို့အတွက် ပညာရပ်ဆိုင်ရာ စာပေများ ဖတ်ရှုပုံ၊ ပြောဆို တင်ပြပုံနှင့် ရေးသားပုံဆိုင်ရာအရည်အချင်းများ မဖြစ်မနေ လိုအပ်ပါသည်။ ဤအရည်အချင်းများ ပြောင်မြောက်အောင် သွေးခွင့်ရပါမည်။ ▲ သုတေသန မိတ်ဆက် (Research Introduction) စစ်အာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ရသည့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု နွေဦး တော်လှန်ရေးနှင့်အတူ လူမှုလေ့လာမှုများ (social inquiries) ပို၍ လိုအပ်ပါမည်။ အခြေခံ သုတေသန လုပ်ထုံး လုပ်နည်း၊ စနစ်များကို လေ့လာလေ့ကျင့်ခြင်းဖြင့် အဓိက ကျသည့် ပြဿနာများအပေါ် လက်တွေ့ကျကျ ချဉ်းကပ် နိုင်မည် ဖြစ်သကဲ့သို့၊ ပညာရပ် ဆိုင်ရာဆက်လက် ဆည်းပူးမှုများအတွက် အခြေခံကောင်း ဖြစ်ပါလိမ့်မည်။ ▲ အင်္ဂလိပ်စာ အဆင့်မြင့်သင်တန်းများ (English Language Skills) ရေးသား တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများကို ပိုင်နိုင်စွာ ပြုလုပ်နိုင်ရန် အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုသည်အခြေခံ လိုအပ်ချက်တခု ဖြစ်ပါသည်။ ဤအစီအစဉ်တွင် တက္ကသိုလ် ပညာရေး အတွက် ဦးတည်သည့် အင်္ဂလိပ်စာ အရေး၊အပြောတို့ကို လေ့လာရမည် ဖြစ်သည်။ ▲ ပဋိပက္ခ နှင့် ငြိမ်းချမ်းရေးလေ့လာမှု (Conflict and Peace Studies) စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရှုပ်ထွေး ခက်ခဲသည့် မြန်မာ့နိုင်ငံရေး ပဋိပက္ခအပေါ် ပို၍လေ့လာ ဆန်းစစ်နိုင်ရန် လိုအပ်ပါမည်။ ပဋိပက္ခများ မည့်သည့် အတွက်ကြောင့် ဖြစ်ရသနည်း၊ မည်မျှ သက်ဆိုး ရှည်နေတတ်သနည်း၊ ပြေလည်အောင် ဖြေရှင်းနိုင်ရေးအတွက် မည်သို့ အားထုတ် ကြသနည်း၊ မည်ကဲ့သို့ အဆုံးသတ် သွားကြသနည်း စသဖြင့် ပညာရပ်ဆိုင်ရာ သဘောတရားများ၊ယူဆချက်များ၊ နှိုင်းယှဉ် လေ့လာအပ်သည့် ဖြစ်ရပ်များကို လေ့လာ သင်ယူကြရပါမည်။ ပဋိပက္ခနှင့် ပဋိပက္ခဖြေရှင်းရေးပညာရပ် ရှုထောင့်မှ ရှုပ်ထွေး ပွေလီသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နောက်ခံများကို လေ့လာရန်၊ ခွဲခြမ်းသုံးသပ်ရန် လိုအပ်မည် သာမက၊ မည်သို့မည်ပုံ တိုးတက် အသွင်ပြောင်းမည်ကိုလည်း မြော်မြင် ကြည့်ရန်လိုအပ်ပါသည်။အထူးသဖြင့် နိုင်ငံတည်ဆောက်ရေး (State-building) နှင့် ပြည်ထောင်စု ကြန်အင်လက္ခဏာ တည်ဆောက်ရေး (Nation-building) အမြင်များကိုလည်း လေ့လာရပါလိမ့်မည်။ ▲ စီးပွားရေးဆိုင်ရာ တွေးခေါ်မှု (Economic ways of thinking) စီးပွားရေးပညာ အခြေခံ မိတ်ဆက် လေ့လာမှု ဖြစ်ပါသည်။ စီးပွားရေးနှင့် ပတ်သက်၍ ရှားပါးသည့် ရင်းမြစ်များကို စီမံကြရာ၌လူတစ်ဦးချင်း၊ လုပ်ငန်းတခုချင်းနှင့် အစိုးရများက မည်သို့ ဆုံးဖြတ်ကြသည်၊ မည်သို့ သော မူဝါဒများ ချမှတ်ကြသည်ကိုလေ့လာနိုင်ပါမည်။ ခေတ်ပြိုင် စီးပွားရေးဆိုင်ရာ တွေးခေါ်မှုများနှင့် မူဝါဒများ၊ အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ ထူးခြား ကြောင်းချက်များကို လေ့လာနိုင်မည် ဖြစ်သည်။ ❏ သင်တန်းကြာမြင့်ချိန် သင်တန်းကာလမှာ ရက်သတ္တပတ် ၁၂ ပတ် ကြာမြင့်မည် ဖြစ်ပါသည်။ တရက်လျှင် နှစ်နာရီနှင့် တပတ်လျှင် ငါးရက် တက်ရောက်ရမည် ဖြစ်ပါသည်။ ⑉⑉⑉⑉⑉⑉ ❏ သင်ကြားမှုပုံစံနှင့် သင်တန်းသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု အွန်လိုင်းမှ တဆင့် သင်ကြားပေးခြင်း ဖြစ်ပါသည်။ ISP-Myanmar ၏ Bridge Education Program က လက်ရှိ ရင်ဆိုင် ကြုံတွေ့နေရသည့် ထူးခြား အခြေအနေကို အပြည့်အဝ အသိအမှတ်ပြုပါသည်။ ပါဝင် တက်ရောက်သူ တဦးချင်း၏ ပုဂ္ဂိုလ် ရေးလုံခြုံမှု(learners’ personal […]
1 Oct 2019 Others ဒုတိယအကြိမ် တက်သစ်လူငယ်သုတေသန အစီအစဉ်အတွက် ရွေးချယ်ခံရသော အဆိုပြုလွှာများ ကြေညာချက် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ဒုတိယအကြိမ် တက်သစ်လူငယ် သုတေသန အစီအစဉ် (Emerging Young Researcher Initiative) သို့ ပေးပို့ခဲ့ကြသည့် သုတေသန အဆိုပြုလွှာ ၄၄ စောင်အနက် ရွေးချယ်ခံရသော အဆိုပြုလွှာ ၁၅ စောင် ကို ယနေ့ (စက်တင်ဘာ ၃၀) တွင် ထုတ်ပြန် ကြေညာလိုက်ပါသည်။ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
1 Aug 2019 Myanmar Quarterly သုတေသန အဆိုပြုလွှာနမူနာ တက်သစ်လူငယ် သုတေသန အစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် အောက်ပါ သုတေသနအဆိုပြုလွှာ နမူနာကို ကြည့်ရှုနိုင်ပါသည်။ ဖော်ပြပါ အဆိုပြုလွှာ နမူနာပုံစံနှစ်ခုကို ပထမအကြိမ် တက်သစ်လူငယ် သုတေသနအစီအစဉ်တွင် ပါဝင်ခဲ့သော လူငယ်အဖွဲ့အချို့ တင်သွင်းခဲ့သည့် ပုံစံဖြစ်ပါသည်။ ယခုဖော်ပြထားသည့် နမူနာပုံစံများကို ၎င်းတို့၏ သဘောတူညီချက်အရ ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။
29 Jul 2019 Myanmar Quarterly ဒုတိယအကြိမ် တက်သစ်လူငယ်သုတေသန အစီအစဉ် သုတေသနအဆိုပြုလွှာကို ယခု Link တွင် Download ရယူပါ။
11 Apr 2019 Others တက်သစ်လူငယ်သုတေသန အစီအစဉ်အတွက် ရွေးချယ်ခံရသော အဆိုပြုလွှာများ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ အစီအစဉ်သစ် ဖြစ်သော တက်သစ်လူငယ် သုတေသန အစီအစဉ် (Emerging Young Researcher Initiative) သို့ ပေးပို့ခဲ့ကြသည့် သုတေသန အဆိုပြုချက် စာတမ်း ၃၉ စောင်အနက် ရွေးချယ်ခံရသော သုတေသန အဆိုပြုလွှာ အစောင် ၂၀ ကို ယနေ့ (ဧပြီ ၁၁ ရက်) တွင် ထုတ်ပြန် ကြေညာလိုက်ပါသည်။ ထုတ်ပြန်ကြေညာချက် အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
8 Nov 2017 Others ပြည်သူ့ရေးရာ မူဝါဒရေးဆွဲရေး ဆိုင်ရာ သုသေတန အခြေပြု သင်တန်း (မွန်ပြည်နယ်) မွန်ပြည်နယ် အခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အဖွဲ့ (ISP Myanmar) တို့ ပူးပေါင်းပြီး ပြည်သူ့ရေးရာ မူဝါဒ ရေးဆွဲရေးဆိုင်ရာ သုတေသန အခြေပြု သင်တန်းကို မော်လမြိုင်မြို့ရှိ Royal Hinthar ဟိုတယ်တွင် ပြုလုပ်နေပါသည်။ အဆိုပါ သုတေသန အခြေပြု သင်တန်းကို နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ ပြုလုပ်မည် ဖြစ်ကာ ISP Myanmar ၏ အမှုဆောင် ဒါရိုက်တာ ဦးမင်းဇင်၊ သင်တန်းရေးရာ ဒါရိုက်တာ ဦးအောင်သူငြိမ်း၊ သင်တန်းရေးရာ လက်ထောက် ဒါရိုက်တာ ဒေါက်တာ ဆုမွန်သဇင်အောင်နှင့် သန်တန်း ညှိနှိုင်းရေးမှူး ဒေါ်ထွန်းမင်းစန္ဒာတို့က ပြည်သူ့ရေးရာ မူဝါဒ ဘာသာရပ်နှင့် သက်ဆိုင်သော အကြောင်းအရာများကို […]