စစ်အာဏာသိမ်းမှုအလွန် ပြည်တွင်းစစ်ပြေးဒုက္ခသည် နှစ်သန်းနီးပါး ရှိလာ
စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း တိုးလာခဲ့ပါတယ်။ အာဏာမသိမ်းမီကာလကတည်းက ပြည်တွင်းစစ်ပြေးဒုက္ခသည် အရေအတွက်က ၄၉၇,၂၀၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီကာလနှစ်ရပ်စလုံးမှာ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်ပစစ်ပြေးဒုက္ခသည်တွေကလည်း ၁,၀၀၉,၁၉၀ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်း နီးပါး က စစ်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ ဖြစ်ပါတယ်။