ISP Products

External Contributors

16 Aug 2018

အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ်

အနှစ်ချုပ် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ၊ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရသဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒ ချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မရည်ရွယ်ချက်မှာ […]
30 Dec 2017

နှစ်နှစ်သား ဒီမိုကရေစီနှင့် ၂ဝ၁၈ ခုနှစ် မြန်မာ့နိုင်ငံရေး အလားအလာ

ဒီဇင်ဘာ ၂၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းဂျာနယ်တွင် အိအိတိုးလွင် ရေးသားခဲ့သော သတင်းဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီ တိုက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆင်နွှဲနေသည့် နိုင်ငံ အများအပြားရှိသည်။ အောင်မြင်သည့် နိုင်ငံ ရှိသလို မအောင်မြင်သည့် နိုင်ငံလည်းရှိသည်။ အောင်မြင်ပြီးနောက် ပြန်လည် ကျဆုံးသွားသော နိုင်ငံများလည်းရှိနေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲနေသည့် အရှေ့တောင်အာရှ နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ နှစ်ပေါင်း ၂ဝ ကျော်ကြာ ဒီမိုကရေစီ တိုက်ပွဲ ဆင်နွှဲပြီးနောက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် ၂ဝ၁၆ မတ်လ ကုန်ပိုင်းတွင် အစိုးရ အာဏာကို ရယူနိုင်ခဲ့သည်။ ယခုဆိုလျှင် နှစ်နှစ်သား အစိုးရဘဝ၊ အတိအကျပြောလျှင် တစ်နှစ်နှင့် ရှစ်လ […]
16 Jul 2017

ဒီမိုကရေစီဟာ ဆွေးနွေး တိုင်ပင်ကြခြင်း ဖြစ်သည် 

ကိုတာ ၁ ၁။       ဆွေးနွေး တိုင်ပင်ကြပြီး တိုင်းပြည်ကို တည်ဆောက်ကြရတာပါပဲဟု ပြောလျှင် မှားမည်မထင်။ ဒီမိုကရေစီ တိုင်းပြည်များမှာ ဖြစ်သည်။ ဒီမိုကရေစီဟာ ဆွေးနွေးတိုင်ပင်ခြင်းပဲ democracy is a discussion ဟူသော စကားရှိပါသည်။ သို့သော် ဘယ်လို တိုင်ပင်ဆွေးနွေးမလဲ။ ၂။       တချို့က တွန်းတဲ့နည်း (Push) ကို သုံးကြသည်။ အီလိတွေ၌ “အနာဂတ်ကတော့ဖြင့် ဒီလိုပဲဖြစ်သင့်တယ်” ဟူသော အတွေးအခေါ် အိုင်ဒီယာတစ်ခု ရှိသည်ဆိုပါစို့။ မိမိလမ်းကို ထောက်ခံသူတွေ ရအောင်လုပ်သည်။ အာဏာသုံးသည်။ ငွေ၊ လက်နက် စသည် သုံးပြီး တွန်းသည်။ သို့သော် တွန်းတာများလျှင် ပြန်တွန်းခံရသည်။ ဒါနဲ့ပဲ စိတ်ပျက်စရာ ဖြစ်လာသည်။ အားကုန်သည်။ ရွေ့တော့ မရွေ့။ […]
20 Jun 2017

နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ်

နိုင်ငံရေးစနစ် အပြောင်းအလဲနှင့် နိုင်ငံရေး အာဏာ၏ ရေသောက်မြစ် ခြောက်သွယ် ကျော်ကျော်ငြိမ်းချမ်း ၁ နိုင်ငံရေးနဲ့ လူမှုသိပ္ပံဘာသာရပ် နယ်ပယ်မှာ အာဏာ(သို့) နိုင်ငံရေးအာဏာနဲ့ ပတ်သက်လို့ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုး ရှိကြပါတယ်။ ယေဘုယျ ဖွင့်ဆိုချက် တစ်ခုက “လူ့ဘောင် အသိုင်းအဝိုင်းအတွက် လူထုအရင်းအမြစ်တွေကို စီမံခန့်ခွဲနိုင်တဲ့၊ ပေါ်လစီမူဝါဒတွေကို ချမှတ် လုပ်ဆောင်နိုင်တဲ့ လူအသိုင်းအဝိုင်း တစ်ခုထဲက လူတစ်စုက ကိုင်စွဲထားတဲ့ လုပ်ပိုင်ခွင့် အာဏာ” ၂ လို့ ဆိုပါတယ်။ အကြမ်းမဖက် လူထုလှုပ်ရှားမှုများဆိုင်ရာ ဂုရုတစ်ပါးဖြစ်တဲ့ ဒေါက်တာဂျင်းရှပ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကတော့ ဒီလိုပါ။ “နိုင်ငံရေးအာဏာ ဆိုသည်မှာ အထူးသဖြင့် လက်ရှိ အာဏာပိုင်အစိုးရ၊ နိုင်ငံတော်နှင့် သြဇာအာဏာရှိ အတိုက်အခံများက မိမိတို့ အာဏာရရှိရေး ရည်မှန်းချက်များ အောင်မြင် […]