Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:FU-03, 28 Nov 2025 Conflict, Peace & Security လွတ်ငြိမ်း ၁၈ ကြိမ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဒသမ ၇ ရာခိုင်နှုန်းသာ ပါဝင် မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ တူညီဆန္ဒများထဲတွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပြီး အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရေးတိုက်တွန်းချက်လည်း ပါဝင်သည်။ စစ်ကော်မရှင်၏ ယခု လွတ်ငြိမ်းသက်သာခွင့်တွင် အရေးပါသော နိုင်ငံရေးခေါင်းဆောင်များ ပါဝင်လာခြင်းမရှိသေးသဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာ၏ဖိအားများ ဆက်ရှိနေနိုင်ပါသည်။
issue:FU-02, 3 Oct 2025 Conflict, Peace & Security မန္တလေး-မူဆယ်လမ်းပေါ်ရှိ မြို့နှစ်မြို့ကို အချိန်နှစ်လခွဲအတွင်း စစ်ကော်မရှင် ပြန်သိမ်း TNLA ထိန်းချုပ်ထားသည့် မြို့များကို စစ်ကော်မရှင်က ဦးတည် စစ်ဆင်နေခြင်း ဖြစ်သည်။ နောင်ချိုနှင့် ကျောက်မဲမြို့များကို ပြန်သိမ်းခဲ့ပြီးနောက် စစ်ကော်မရှင်သည် ကျောက်မဲ-မိုးကုတ်လမ်းပေါ်ရှိ မိုင်းတင်းရွာအနီးအထိ တပ်ဖြန့်ထားသည်။ ထို့အပြင် နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ရတနာသိင်္ဂီရွာကိုလည်း သိမ်းယူထားသည်။
issue:FU-01, 26 Sep 2025 Conflict, Peace & Security • Naypyitawlogy အာဏာဗဟိုချက်အနီးရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ စစ်ဆင်ရေးတာဝန်ယူရသော စစ်ဗိုလ်ချုပ်များအားလုံးမှာ စတုတ္ထမျိုးဆက်တပ်မတော်၏ ဗိုလ်ချုပ်များ ဖြစ်လာကြသည်။ အသက်အရွယ်နှင့် အပတ်စဉ် များစွာငယ်သော ဗိုလ်ချုပ်များက စစ်ဆင်ရေးကွပ်ကဲမှုများကို တာဝန်ယူကြမည်ဖြစ်သဖြင့် နိုင်ငံတဝန်း စစ်ဆင်ရေးများအပေါ် သက်ရောက်မှုများ ရှိနိုင်သည်။