Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
12 Oct 2020 Myanmar Quarterly ကိုရဲနိုင်ဝင်းအား မေးမြန်းခြင်း မေး အခြေခံ အလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖော်ချင်ပါ သလဲ။ဖြေ အခြေခံအလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာ အလုပ်ချိန်ပြီးတဲ့အချိန်မှာ အနိမ့် ဆုံးတော့ အများအနားယူချင်တဲ့အချိန်မှာ အနားယူချင်တယ်။ အများ အေးအေးဆေး ဆေး အိပ်ရတဲ့အချိန်မှာ အိပ်ချင်တယ်။ အနိမ့်ဆုံးအဆင့်က အဲဒီလောက်တော့ ရှိဖို့လိုပါ တယ်။ မေး နောက်တခါ သူ့ရဲ့မိသားစုအတွက် ဖူလုံမှုကရော …ဖြေ မိသားစုအတွက် ဖူလုံမှုဆိုတာကတော့ ကျနော်တို့ မမျှော်မှန်းနိုင်ပါဘူး။ ဒီမှာ ကျနော်တို့ ဖြစ်နေတဲ့ အခြေခံအလုပ်သမားတဦးရဲ့ အနိမ့်ဆုံးလုပ်ခ၊ အိပ်ချိန်မှာ မအိပ်ရဘူး။ အိပ်ရ မယ့်အချိန်မှာလည်း အေးအေးချမ်းချမ်းမဖြစ်ဘူး။ အနိမ့်ဆုံး ကျနော်တို့ ဘာလိုလားသလဲ ဆိုရင် အိပ်ချိန်မှာအိပ်ချင်တယ်။ ကောင်းကောင်းမွန်မွန် စားချင်တယ်။ ပိတ်ရက်တွေပေါ့ ဗျာ။ အများသူငါလို သွားလာလည်ပတ်သလို လုပ်ချင်တယ်။ […]
9 Oct 2020 Myanmar Quarterly ကိုနန္ဒာစစ်အောင်အား မေးမြန်းခြင်း မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ ကျနော်တို့ဆီမှာ မမျှတတဲ့ကိစ္စတွေကတော့ တလျှောက်လုံး ရှိနေခဲ့တာ။ စစ်အာဏာရှင် အောက်မှာ တလျှောက်လုံး ကြီးခဲ့ကြတာ။ မဆလအောက်မှာ သွားခဲ့ရတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အုပ်ချုပ်ရေးနဲ့ နီးစပ်ခြင်းသည်ပင်လျှင် စီးပွားဥစ္စာရဲ့ အရင်းအမြစ်ဖြစ် သလို၊ လူမှုရေးဆိုင်ရာ အသိအမှတ်ပြုမှုတွေရဲ့ နေရာလည်း ဖြစ်တာကိုး။ တခါ အုပ်ချုပ် ရေးနဲ့ တရားဥပဒေစနစ်ကလည်း မကွဲတဲ့အခါကျတော့ ဘာဖြစ်လာသလဲဆိုရင် အခွင့် ထူးခံလူတန်းစားဖြစ်တဲ့ အုပ်ချုပ်ရေးက လူတွေကလွဲပြီး ကျန်တဲ့သူတွေ ကျနော်တို့ အား လုံးသည် တစုဖြစ်ပြီးတော့ အုပ်ချုပ်တဲ့လူတန်းစားက ကောင်းစားတဲ့လူ ဖြစ်သွားတာ ပေါ့။ နိုင်ငံတော်ဆိုတာ သူတို့ပဲလေ။ ကျနော်တို့ နိုင်ငံတော်ဆီက မျှော်လင့်တာက […]
9 Oct 2020 Myanmar Quarterly ကိုအောင်ကျော်မိုးအား မေးမြန်းခြင်း မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေ မှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ အစိုးရဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေမှာ အားနည်းတယ်။ လူထုအတွက် ရေးဆွဲ ထားတဲ့ မူဝါဒတွေမရှိဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းမှာ ခိုင်မာပြီး လူထုအတွက်အကျိုးရှိမယ့် မူဝါဒတွေပေါ်မလာသေးသလို နိုင်ငံသား အားလုံးအတွက် အားနည်းချက်ရှိတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့ညီအောင် ပြင်ဆင်နိုင် ခြင်းမရှိ၊ ဝန်ဆောင်မှုပေးရမယ့် ဗြူရိုကရေစီယန္တရားကို လူထုက အကြောက်တရားနဲ့ ဆက်ဆံနေရခြင်း၊ ယုံကြည်မှုမရှိခြင်းတွေကြောင့်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေဟာ ပြည်နယ်တွေမှာ တဆင့်နိမ့် နိုင်ငံသားအနေနဲ့ ခွဲခြားဆက်ဆံခံနေရတာက အဓိက အကြောင်းတရား ဖြစ်ပါတယ်။မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြုကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ဖြေ […]
7 Oct 2020 Myanmar Quarterly ကိုထူးချစ်အား မေးမြန်းခြင်း မေး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတဦးအနေနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှုအကြောင်း ခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ဖြေ အဓိကတော့ နိုင်ငံရေးစနစ်ကြောင့်လို့ ရှုမြင်မိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းစစ်၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လယ်ယာ မြေ သိမ်းဆည်းခံနေရမှုတွေဟာ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအချက်အလက်တွေလို့ ထင် ပါတယ်။ အစိုးရအနေနဲ့ အဆိုပါကိစ္စတွေ လျော့နည်းအောင်၊ ပပျောက်အောင် မလုပ်နိုင် မချင်း ကိုယ်ထူကိုယ်ထ ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။ မေး ပြည်တွင်းမှာ ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေး ခြင်းက အခုအချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ ပြည်ပမှာဖြစ်နေတဲ့ အခြေ အနေတွေကရော ဘယ်လိုပါလဲ။ဖြေ လုံလောက်မှုရှိတယ်လို့ မထင်ပါဘူး၊ အစိုးရအဆက်ဆက်ရဲ့ ရွှေ့ပြောင်း […]
6 Oct 2020 Myanmar Quarterly အာရှအလင်းရောင်ဆရာတော်အားမေးမြန်းလျှောက်ထားခြင်း မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ ဘုရား။ဖြေ ဘုန်းဘုန်းတို့နိုင်ငံက စစ်အာဏာသိမ်းပြီးချိန်က စပြီးတော့ မမျှတမှုဆိုတာ ရှိခဲ့တာ။ ဒါပေမဲ့ လူတွေက (အာဏာရှင်တွေက) အဲဒီမမျှတမှုကို ဘာနဲ့ဖြေရှင်းသလဲဆိုရင် သယံ ဇာတကို ထုတ်သုံးပြီးတော့ လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင်၊ သူတို့ လုပ်ပိုင်ခွင့်ရှိသူတွေ အကျိုးအမြတ်အများကြီးရအောင် ဒီလိုပုံစံနဲ့ ဆောင်ရွက်ခဲ့တာ။ လူတွေက အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေး ပြေလည်တာလောက်နဲ့၊ အရိုးအရင်းလေးရတာလေးနဲ့ စီးပွားရေးအဆင်ပြေတယ်ဆိုပြီး ရောင့်ရဲပြီးတော့ ကျေနပ်ခဲ့ကြတာ။ တကယ်တော့ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေက အကျိုးအမြတ်အများကြီး ရဖို့အတွက် အလုပ်အကိုင် မစို့မပို့ကို ပြည်သူကိုပေးပြီး လုပ်ခဲ့တဲ့အချိန်ပါဗျ။ သယံဇာတ ကနေ ပိတ်ဆို့လိုက်တဲ့အခါ၊ တနည်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရပ်စဲ […]
29 Apr 2019 China Studies BRI မှာ မြန်မာဘက်က အဆိုပြုတဲ့ စီမံကိန်းတွေ ပါဝင်ဖို့လိုပါတယ် တရုတ်နိုင်ငံ၏ ခါးပတ်ကွင်း လမ်းတစင်း (BRI) အစီအစဉ်ကို မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာ၌ မြန်မာအစိုးရဘက်က အဆိုပြုသော စီမံကိန်းများ ပါဝင်ရန် လိုအပ်ကြောင်း ISP-Myanmar ၏ China Desk တာဝန်ခံ မခင်ခင်ကျော်ကြီးက ပြောကြားခဲ့သည်။ ဧပြီ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံမှုအပြီး ထွက်ရှိခဲ့သည့် သတင်းထုတ်ပြန်၌ ပါဝင်ခဲ့သော အကြောင်းအရာများအပေါ် MCN သတင်းဌာနက သီးသန့်ပြုလုပ်သည့် ဆက်သွယ်မေးမြန်းခန်း အစီအစဉ်တွင် မခင်ခင်ကျော်ကြီးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ မခင်ခင်ကျော်ကြီးသည် ISP-Myanmar ၏ China Desk တာဝန်ခံဖြစ်သည့် အပြင် တရုတ်ရေးရာ သုတေသနများကို အစဉ်တစိုက် လုပ်ဆောင်နေသူ ဖြစ်ပါသည်။ […]
6 Apr 2018 Politics သမ္မတသစ် ဦးဝင်းမြင့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားမလဲ နိုင်ငံတော် သမ္မတ တာဝန် ထမ်းဆောင်နေပြီ ဖြစ်သော သမ္မတသစ် ဦးဝင်းမြင့်အနေဖြင့် နိုင်ငံတော်တွင် ရင်ဆိုင် ကြုံတွေ့နေရသော အခက်အခဲများကို မည်သို့ ကျော်လွှားမည် ဆိုသော အချက်နှင့် ပတ်သက်သော ဆွေးနွေးခန်းကို MCN သတင်းဌာနက မတ် ၃၁ ရက်တွင် ရိုက်ကူးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးခန်းတွင် နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း၊ MCN သတင်းဌာန အယ်ဒီတာချုပ် ကိုအံ့ဘုန်းမြတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Politics သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း သမ္မတသစ်နှင့် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အယ်ဒီတာ စကားဝိုင်းကို မတ် ၂၃ ရက်တွင် DVB ရုပ်သံက ရိုက်ကူး ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်းတွင် NLD ပါတီ၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ DVB သတင်းဌာနမှ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး ဂျာနယ်မှ အယ်ဒီတာ တဦးဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အယ်ဒီတာ စကားဝိုင်း ဆွေးနွေးခန်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Conflict, Peace & Security ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှစ် ဖြစ်မလား မွန်ပြည်သစ် ပါတီနှင့် လားဟူအဖွဲ့တို့က တနိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ထိုးမည်ဟု ကြေညာခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေး အလားအလာနှင့် ပတ်သက်သော အကြောင်းအရာများကို DVB အယ်ဒီတာ စကားဝိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စကားဝိုင်းကို ဇန်နဝါရီ ၂၇ ရက်တွင် DVB ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့ပြီး စကားဝိုင်း အစီအစဉ်၌ ဦးမောင်မောင်စိုး၊ ဦးတိုးဇော်လတ်တို့နှင့်အတူ ISP Myanmar မှ ထုတ်ဝေနေသော The Myanmar Quarterly မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးဂျာနယ်၏ အယ်ဒီတာတဦး ဖြစ်သူ ကိုနေထွန်းနိုင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။ စကားဝိုင်း အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
6 Apr 2018 Politics သမ္မတ ဘယ်လိုလူမျိုး ဖြစ်သင့်လဲ မကြာမီ ရွေးချယ်မည့် သမ္မတအသစ်နှင့် ပတ်သက်၍ ဘီဘီစီ မြန်မာပိုင်း သတင်းဌာန၏ မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်၌ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးခန်းတွင် NLD ပါတီ၏ ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်၊ ဘီဘီစီ သတင်းဌာနမှ ဦးဘမော်တို့နှင့်အတူ ISP Myanmar ၏ ပြင်ပ ဆက်ဆံ ဆက်သွယ်ရေးဌာန၊ ဒါရိုက်တာ ဦးအောင်သူငြိမ်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။ မတ် ၂၄ ရက်က ထုတ်လွှင့်ခဲ့သော ဆွေးနွေးခန်းကို အောက်တွင် နားသောတဆင်နိုင်ပါသည်။
7 Mar 2018 Myanmar Quarterly ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေး လှုပ်ရှား ဆောင်ရွက်နေသူ မောင်ဆောင်းခအား မေးမြန်းခြငး သူတို့အနေနဲ့ ဆက်သွယ်ရေး ဥပဒေထဲမှာ ၆၆(ဃ)နဲ့ သူတို့ကို ပြန်အကာအကွယ်လုပ်ဖို့ သုံးချင်နေတယ်လို့ပဲ ကျွန်တော်မြင်တယ်။ ဒီဥပဒေနဲ့ တရားစွဲခံရသူတွေထဲမှာ ဘယ်သူနစ်နာလဲ ဆိုတော့ ပြည်သူပဲ နစ်နာတာကို ကျွန်တော်တို့ တွေ့နေရတယ်။ အဲဒါကို မပြင်ချင်တာက … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – အဓိကက အစိုးရရဲ့ မူလကြွေးကြော်သံဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့။ အဲဒီစကားလုံးက ထိပ်ပိုင်းပေါ့။ တပ်မတော်နဲ့ လက်ရှိ NLD အစိုးရ ကြားထဲမှာပဲ ရှိနေပြီး […]
7 Mar 2018 Myanmar Quarterly သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက်သူ ဒေါ်ဒေဝီသန့်စင်အား မေးမြန်းခြင်း စီမံကိန်းက လေးငါးခုနဲ့ တိုင်းပြည်အတွက် လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်တဲ့အချိန်မှာ ၁၅ ခု၊ ၁၇ ခုလောက် ပေးထားတယ် ဆိုရင် ဒါဟာ စီးပွားရေးအရ အပေးအယူလုပ်တဲ့ စီမံကိန်းတွေ ဖြစ်သွားပြီ။ လက်ရှိအစိုးရဟာ ဒီလိုအမှားမျိုးကို ထပ်မမှားသင့်ဘူး။ သေချာစိစစ်ပြီးတော့ တိုင်းပြည်အတွက် မလိုအပ်ဘဲ ထပ်နေတဲ့ စီမံကိန်းတွေကို မလုပ်သင့်ဘူး။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – နိုင်ငံတစ်ခုမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အလေးထားပြီး ဆက်ဆံရတဲ့ ချစ်ကြည်ရေးဆိုတာကို အရင်ဆုံး […]
7 Mar 2018 Myanmar Quarterly လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာအား မေးမြန်းခြင်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ စဉ်းစားချက်အောက်မှာ အရင်စနစ်ကို ဦးဆောင်ခဲ့တဲ့ သူတွေနဲ့ အခုဦးဆောင်နေတဲ့ ငါတို့နဲ့ ကြားထဲမှာပဲ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ပြန်ပြီးတော့ သင့်မြတ်ပြီ၊ ဒီအသွင်ကူးပြောင်းရေး အောင်မြင်ပြီဆိုတဲ့ စဉ်းစားချက်မျိုး ရှိနေပြီဆိုလို့ရှိရင်၊ နောက်တနည်း ပြောရလို့ရှိရင် … ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သားဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လို ဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – မြန်မာ့ အသွင်ကူးပြောင်းရေး ဦးတည်ချက်ဟာ ဒီမိုကရေစီ အုတ်မြစ်ချရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး ဖြစ်သင့်တယ်။ အထူးသဖြင့် ကျွန်မတို့က စစ်အာဏာရှင်စနစ်အောက်က […]
7 Mar 2018 Myanmar Quarterly ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး (PACE) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာအား မေးမြန်းခြင်း “လက်ရှိ ရွေးကောက်ပွဲစနစ်ကို ပြောင်းဖို့အတွက် နည်းနည်း စောသေးတယ်ဗျ။ ပြောင်းဖို့တော့ လိုတယ်။ ပြောင်းမယ် ဆိုရင်တောင် လုံးလုံးလျားလျားကြီး အချိုးကျကို ကူးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ရောယှက်ပြီးတော့ လုပ်သင့်တယ်။ ဥပမာ- အမျိုးသားလွှတ်တော်ကို ပုံစံပြောင်းတာမျိုးပေါ့။ ” ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးနဲ့ ရွေးကောက်ပွဲစနစ် ဘယ်လောက်အထိ လိုက်လျောညီထွေမှု ဖြစ်သလဲ။ ■ ဖြေ – အခုလောလောဆယ် ကျွန်တော်တို့သုံးတဲ့ ရွေးကောက်ပွဲစနစ်ပေါ့။ majority system ပေါ့။ အတိအကျပြောရရင် first-past-the-post ဆိုတဲ့ အခါကျတော့ ဒီစနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ဗျာ။ ဒီရွေးကောက်ပွဲ တစ်ရပ်ကနေပြီးတော့ ထွက်လာတဲ့ အစိုးရက ပိုပြီးတော့မှ တည်ငြိမ်တဲ့ အစိုးရမျိုး ရချင်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြဿနာက ကျွန်တော်တို့ရဲ့ နိုင်ငံမှာက […]
7 Mar 2018 Myanmar Quarterly ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အတွင်းရေးမှူး စိုင်းညွန့်လွင်အား မေးမြန်းခြင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ပြုပြင်ဖို့နဲ့ အစိုးရအဖွဲ့ကိုလည်း ပြန်လည် သုံးသပ်ပြုပြင်ဖို့ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲဖို့အတွက် ကိုယ်လုပ်နေတဲ့လုပ်ငန်း တုံ့ဆိုင်းနေခဲ့ရင် အဲဒီလုပ်ငန်းကို စပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အဲဒီအချက်ကို ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ ■ မေး။ မြန်မာ့ အသွင်ကူးပြောင်းရေးရဲ့ ဦးတည်ချက်ဟာ ဘာဖြစ်သင့်တယ်လို့ ယူဆပါသလဲ။ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအဖြစ် အရပ်သား ဦးဆောင်တဲ့အစိုးရ တစ်နှစ်ကျော်ချိန်မှာ ဘယ်လိုဦးတည်ချက်ကို ရှေးရှုနေသလဲ။ လမ်းကြောင်းမှန်ပေါ် ရောက်နေတယ်လို့ မြင်ပါသလား။ သုံးသပ်ချက်ကို သိပါရစေ။ ■ ဖြေ – နှစ်ပေါင်း ၅၀ ကျော်လောက် စစ်တပ်ရဲ့ နည်းအမျိုးမျိုးနဲ့ အုပ်ချုပ်မှုအောက်မှာ နေခဲ့ကြရပြီးပြီ။ ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံလည်း ဖြစ်နေပြီဆိုတော့ ဒီတခါ မြန်မာ့ […]