Featured ကျောက်တော်မြို့နယ် အိန္ဒိယစျေးဗုံးကြဲခံရမှုအပါအဝင် အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိလာ Tracker by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:M2026-034, 10 Oct 2026 Conflict Economy • Socioeconomic Studies ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ ပဋိပက္ခအခြေအနေ စီးပွားရေးဇုန်နှင့် ထိစပ်နေသော ရေဖြူ၊ ထားဝယ်နှင့် လောင်းလုံမြို့နယ်များတွင် မြန်မာစစ်တပ်နှင့် KNU/KNLA အပါအဝင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်။
issue:M2026-033, 10 Oct 2026 Conflict Economy • Socioeconomic Studies ထားဝယ်-ရတနာပုံ-မြစ်ဆုံ စီမံကိန်းများ စီမံကိန်းများမှတဆင့် အလုပ်အကိုင်၊ စွမ်းအင်နှင့် နိုင်ငံတိုးတက်ရေး စသည့် ဖွံ့ဖြိုးရေးကိစ္စများအတွက် မောင်းနှင်အားဖြစ်လာနိုင်ကြောင်း ဦးမင်းအောင်လှိုင်အစိုးရဘက်က ပုံဖော်လုပ်ဆောင်မှုများရှိနေသည်။
issue:M2026-032, 6 Oct 2026 Conflict, Peace & Security မြန်မာစစ်တပ် ဖော်ဆောင်နေသော ‘ရန်နိုင်အောင်’ စစ်ဆင်ရေး ၂၀၂၆ ခုနှစ် စက်တင်ဘာ ၄ ရက်ကစ၍ မြန်မာစစ်တပ်သည် အာရက္ခတပ်တော် (ULA/AA)၏ ထိန်းချုပ်နယ်မြေများကို ကြည်း၊ ရေ၊ လေ လမ်းကြောင်းပေါင်းစုံမှ ထိုးစစ်ဆင်ခဲ့သည်။
issue:M2026-031, 1 Oct 2026 Conflict, Peace & Security အစုအပြုံလိုက်သတ်ဖြတ်ခံရမှုများကြောင့် ခြောက်လအတွင်း သေဆုံးသူ ၁၇၀ ကျော်ရှိ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ခြောက်လတာအတွင်း နိုင်ငံတဝန်းတွင် အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ခုနစ်ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၁၇၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
issue:M2026-030, 18 Sep 2026 Conflict, Peace & Security ငါးလအတွင်း မြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်းရှိခဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် ငါးလတာအတွင်း မြန်မာစစ်တပ်သည် နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်း လုပ်ခဲ့သည်။
issue:M2026_029, 7 Sep 2026 Conflict Economy ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလာ ကိုးကန့်ဒေသနှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်ရှိခဲ့သော ကျားဖြန့်လုပ်ငန်းများသည် ‘စစ်ဆင်ရေး ၁၀၂၇’ အလွန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ရွှေ့ပြောင်းလာကြသည်။
issue:M2026_028, 7 Sep 2026 Conflict Economy ရှမ်းမြောက်ရှိ သတ္တုတွင်းလုပ်ကွက် ၂၁ ခုကို EAOs များ ထိန်းချုပ်ထား ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခဲ၊ ငွေ၊ ကျောက်မီးသွေးနှင့် ရွှေအပါအဝင် သယံဇာတ သတ္တုတွင်းထွက်ပေါင်း ၁၂ မျိုးထက်မနည်းရှိပြီး သတ္တုတွင်းလုပ်ကွက် ၃၁ ခုထက်မနည်း ရှိသည်။
issue:M2026_027, 7 Sep 2026 Conflict Economy မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ဂိတ်ပေါင်း ၄၀ ထက်မနည်းရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် နယ်စပ်ကုန်သွယ်ရေးဂိတ်၊ အခွန်ဂိတ်နှင့် စစ်ဆေးရေးဂိတ်စသော ဂိတ်ပေါင်း ၄၀ ထက်မနည်းရှိပါသည်။
issue:M2026_026, 7 Sep 2026 Conflict Economy မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်းကြောင်းများကို လက်နက်ကိုင်တပ်ပေါင်းစုံ ထိန်းချုပ်ထား မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကကျသည့် မန္တလေး-လားရှိုး-မူဆယ် လမ်းကြောင်းကို မြန်မာစစ်တပ်အပါအဝင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ (3BHA) တို့က ထိန်းချုပ်ထားပြီး သိန္နီ-ချင်းရွှေဟော်လမ်းကြောင်းကို MNDAA က ထိန်းချုပ်ထားသည်။
issue:M2026_025, 14 Aug 2026 Socioeconomic Studies မြို့နယ် ၄၁ ခုတွင် ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်ကနေ ဩဂုတ် ၁၁ ရက်အတွင်း မိုးများပြီး ရေကြီးသဖြင့် ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ် ၄၁ ခုတွင် ရေကြီးခဲ့ပြီး ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းထက်မနည်း ရှိနိုင်ပါသည်။
issue:M2026_024, 12 Aug 2026 Conflict, Peace & Security ULA/AA ၏ ထိန်းချုပ်နယ်မြေများ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA) သည် ၂၀၂၃ ခုနစ် နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်း ထိုးစစ်များ စတင်ခဲ့သည်။ လက်ရှိတွင် ပလက်ဝဒေသနှင့် ရခိုင်ပြည်နယ်၏ ၉၂ ဒသမ ၆ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်။
issue:M2026_023, 12 Aug 2026 Conflict, Peace & Security ဦးမင်းအောင်လှိုင်အစိုးရက ရခိုင်ပြည်နယ်တခုလုံးနီးပါးကို စစ်အုပ်ချုပ်ရေး ကြေညာထား ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ၁၄ ခုကို ဦးမင်းအောင်လှိုင်အစိုးရက စစ်အုပ်ချုပ်ရေး ကြေညာထားပါသည်။
issue:M2026_022, 3 Aug 2026 Conflict, Peace & Security ဆုံးရှုံးနယ်မြေများ၏ ရှစ်ရာခိုင်နှုန်းကျော်ကို မြန်မာစစ်တပ် ပြန်လည်သိမ်းယူ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြို့ ၁၀၁ မြို့ကို လက်လွှတ်ခဲ့ရသော မြန်မာစစ်တပ်သည် ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း ၂၂ မြို့ကို ပြန်သိမ်းခဲ့သည်။
issue:M2026_021, 21 Jul 2026 Conflict, Peace & Security ‘စစ်ဆင်ရေး ၁၀၂၇’အပြီး တော်လှန်ရေးတပ်ဖွဲ့များ၏ နယ်မြေထိန်းချုပ်မှု ပိုများလာ ‘စစ်ဆင်ရေး ၁၀၂၇’နှင့် နောက်ဆက်တွဲတိုက်ပွဲများကြောင့် မြန်မာစစ်တပ်အနေဖြင့် နိုင်ငံတဝန်း နယ်မြေအမြောက်အမြား ဆုံးရှုံးခဲ့ရသည်။ မြန်မာစစ်တပ်သည် ယခုအချိန်အထိ မြို့ပေါင်း ၂၁ မြို့ကို ပြန်လည်သိမ်းယူထားနိုင်ပြီး ၈၁ မြို့ကို လက်လွှတ်ထားရဆဲဖြစ်သည်။
issue:M2026_020, 19 May 2026 Conflict Economy အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများ ဆက်လက်တည်ရှိနေ ရွှေ့ပြောင်းသွားသည့် ကျားဖြန့်လုပ်ငန်းများကို မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ KNA နှင့် DKBA ထိန်းချုပ်နယ်မြေများအတွင်း တွေ့ရှိရသည်။