ISP Products

Myanmar Quarterly

28 Oct 2020

မော်ဒန်ခေတ်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ ဘာလုပ်သင့်သလဲ

အချီး လူမှာ ရုပ်နဲ့နာမ် ရှိတယ်။ ဗုဒ္ဓဘာသာဟာ နာမ် (ဝါ) စိတ်ကိုဟောတဲ့ တရားပဲ။ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲရေးတရား မဟုတ်ဘူး။ သို့သော် ခက်နေတာက အဲဒီနှစ်ခုမှာ ထိုဟာက ဘယ်မှာဆုံးပြီး ဤဟာက ဘယ်မှာစတာလဲ။ ဘာသာတရားရယ်လို့ အမည်တပ်ပြီး အကြမ်းဖက်ခြင်းများ ကျူးလွန်နေကြတဲ့ ခေတ် ကာလ၊ ထိုကာလကြီးထဲမှာ ဘာသာရေးသွေးခုန်ခြင်းရဲ့ မည်းမှောင်တဲ့ဘက်ခြမ်းကို ဘာသာရေး အဖွဲ့အစည်းဟာ မိမိအလိုအလျောက် ပြုပြင်ပြောင်းလဲနိုင်မလား။ စိတ်ပိုင်း ထိုးထွင်းသိမြင်မှုများ စိတ်အင်အား ပျောက်ဆုံးနေရာ ထိုကြိုးမျှင်များကို ပြန်ဆက်နိုင်မှာလား။ သို့သော် ဘာသာတရား သည် တကယ်တမ်း၌ လူအား တီထွင်ဆန်းသစ်စေနိုင်သော၊ အမြော်အမြင်ရှိစေသော၊ လွတ် မြောက်စေသော အရာလည်း ဖြစ်သည်။ ‘ဖြစ်ရှိနေသည်များကို ပို၍ ကြည်လင်စွာမြင်လျှင်’ မျှော် လင့်စရာရယ်လို့ […]
12 Oct 2020

ကိုရဲနိုင်ဝင်းအား မေးမြန်းခြင်း

မေး အခြေခံ အလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာကို ဘယ်လို အဓိပ္ပာယ် ဖော်ချင်ပါ သလဲ။ဖြေ အခြေခံအလုပ်သမားတဦးအတွက် ပျော်ရွှင်မှုဆိုတာ အလုပ်ချိန်ပြီးတဲ့အချိန်မှာ အနိမ့် ဆုံးတော့ အများအနားယူချင်တဲ့အချိန်မှာ အနားယူချင်တယ်။ အများ အေးအေးဆေး ဆေး အိပ်ရတဲ့အချိန်မှာ အိပ်ချင်တယ်။ အနိမ့်ဆုံးအဆင့်က အဲဒီလောက်တော့ ရှိဖို့လိုပါ တယ်။ မေး နောက်တခါ သူ့ရဲ့မိသားစုအတွက် ဖူလုံမှုကရော …ဖြေ မိသားစုအတွက် ဖူလုံမှုဆိုတာကတော့ ကျနော်တို့ မမျှော်မှန်းနိုင်ပါဘူး။ ဒီမှာ ကျနော်တို့ ဖြစ်နေတဲ့ အခြေခံအလုပ်သမားတဦးရဲ့ အနိမ့်ဆုံးလုပ်ခ၊ အိပ်ချိန်မှာ မအိပ်ရဘူး။ အိပ်ရ မယ့်အချိန်မှာလည်း အေးအေးချမ်းချမ်းမဖြစ်ဘူး။ အနိမ့်ဆုံး ကျနော်တို့ ဘာလိုလားသလဲ ဆိုရင် အိပ်ချိန်မှာအိပ်ချင်တယ်။ ကောင်းကောင်းမွန်မွန် စားချင်တယ်။ ပိတ်ရက်တွေပေါ့ ဗျာ။ အများသူငါလို သွားလာလည်ပတ်သလို လုပ်ချင်တယ်။ […]
9 Oct 2020

ကိုနန္ဒာစစ်အောင်အား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ ကျနော်တို့ဆီမှာ မမျှတတဲ့ကိစ္စတွေကတော့ တလျှောက်လုံး ရှိနေခဲ့တာ။ စစ်အာဏာရှင် အောက်မှာ တလျှောက်လုံး ကြီးခဲ့ကြတာ။ မဆလအောက်မှာ သွားခဲ့ရတာ။ ကျနော်တို့ လူ့အဖွဲ့အစည်းက အုပ်ချုပ်ရေးနဲ့ နီးစပ်ခြင်းသည်ပင်လျှင် စီးပွားဥစ္စာရဲ့ အရင်းအမြစ်ဖြစ် သလို၊ လူမှုရေးဆိုင်ရာ အသိအမှတ်ပြုမှုတွေရဲ့ နေရာလည်း ဖြစ်တာကိုး။ တခါ အုပ်ချုပ် ရေးနဲ့ တရားဥပဒေစနစ်ကလည်း မကွဲတဲ့အခါကျတော့ ဘာဖြစ်လာသလဲဆိုရင် အခွင့် ထူးခံလူတန်းစားဖြစ်တဲ့ အုပ်ချုပ်ရေးက လူတွေကလွဲပြီး ကျန်တဲ့သူတွေ ကျနော်တို့ အား လုံးသည် တစုဖြစ်ပြီးတော့ အုပ်ချုပ်တဲ့လူတန်းစားက ကောင်းစားတဲ့လူ ဖြစ်သွားတာ ပေါ့။ နိုင်ငံတော်ဆိုတာ သူတို့ပဲလေ။ ကျနော်တို့ နိုင်ငံတော်ဆီက မျှော်လင့်တာက […]
9 Oct 2020

ကိုအောင်ကျော်မိုးအား မေးမြန်းခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေ မှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင် ပါသလဲ။ဖြေ အစိုးရဟာ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းတွေမှာ အားနည်းတယ်။ လူထုအတွက် ရေးဆွဲ ထားတဲ့ မူဝါဒတွေမရှိဘူး။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတိုင်းမှာ ခိုင်မာပြီး လူထုအတွက်အကျိုးရှိမယ့် မူဝါဒတွေပေါ်မလာသေးသလို နိုင်ငံသား အားလုံးအတွက် အားနည်းချက်ရှိတဲ့ ဥပဒေတွေကိုလည်း ခေတ်နဲ့ညီအောင် ပြင်ဆင်နိုင် ခြင်းမရှိ၊ ဝန်ဆောင်မှုပေးရမယ့် ဗြူရိုကရေစီယန္တရားကို လူထုက အကြောက်တရားနဲ့ ဆက်ဆံနေရခြင်း၊ ယုံကြည်မှုမရှိခြင်းတွေကြောင့်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေဟာ ပြည်နယ်တွေမှာ တဆင့်နိမ့် နိုင်ငံသားအနေနဲ့ ခွဲခြားဆက်ဆံခံနေရတာက အဓိက အကြောင်းတရား ဖြစ်ပါတယ်။မေး ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြုကာကွယ်ပေးခြင်းက အခု အချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ဖြေ […]
7 Oct 2020

ကိုထူးချစ်အား မေးမြန်းခြင်း

မေး ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကူညီပေးနေသူတဦးအနေနဲ့ မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲမွဲတေမှုအကြောင်း ခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လိုရှုမြင်ပါသလဲ။ဖြေ အဓိကတော့ နိုင်ငံရေးစနစ်ကြောင့်လို့ ရှုမြင်မိပါတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်တွင်းစစ်၊ ဘာသာရေး အဓိကရုဏ်းတွေနဲ့ လယ်ယာ မြေ သိမ်းဆည်းခံနေရမှုတွေဟာ ဆင်းရဲမွဲတေမှုရဲ့ အရင်းခံအချက်အလက်တွေလို့ ထင် ပါတယ်။ အစိုးရအနေနဲ့ အဆိုပါကိစ္စတွေ လျော့နည်းအောင်၊ ပပျောက်အောင် မလုပ်နိုင် မချင်း ကိုယ်ထူကိုယ်ထ ရုန်းကန်နေရဦးမှာဖြစ်ပါတယ်။ မေး ပြည်တွင်းမှာ ဆင်းရဲမွဲတေသူတွေအတွက် နိုင်ငံရေးစနစ်အရ ကိုယ်စားပြု ကာကွယ်ပေး ခြင်းက အခုအချိန်မှာ လုံလောက်မှုရှိတယ်လို့ ထင်ပါသလား။ ပြည်ပမှာဖြစ်နေတဲ့ အခြေ အနေတွေကရော ဘယ်လိုပါလဲ။ဖြေ လုံလောက်မှုရှိတယ်လို့ မထင်ပါဘူး၊ အစိုးရအဆက်ဆက်ရဲ့ ရွှေ့ပြောင်း […]
6 Oct 2020

အာရှအလင်းရောင်ဆရာတော်အားမေးမြန်းလျှောက်ထားခြင်း

မေး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကိုယ်ထူကိုယ်ထ ရုန်းကန်ရှင်သန်ရခြင်းများနဲ့ ဆင်းရဲ မွဲတေမှု အကြောင်းခံပြဿနာတွေမှာ မမျှတတဲ့အခြေအနေ ဖြစ်ပေါ်နေမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ ဘုရား။ဖြေ ဘုန်းဘုန်းတို့နိုင်ငံက စစ်အာဏာသိမ်းပြီးချိန်က စပြီးတော့ မမျှတမှုဆိုတာ ရှိခဲ့တာ။ ဒါပေမဲ့ လူတွေက (အာဏာရှင်တွေက) အဲဒီမမျှတမှုကို ဘာနဲ့ဖြေရှင်းသလဲဆိုရင် သယံ ဇာတကို ထုတ်သုံးပြီးတော့ လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေရအောင်၊ သူတို့ လုပ်ပိုင်ခွင့်ရှိသူတွေ အကျိုးအမြတ်အများကြီးရအောင် ဒီလိုပုံစံနဲ့ ဆောင်ရွက်ခဲ့တာ။ လူတွေက အဲဒီမှာ အလုပ်အကိုင်အခွင့်အလမ်းနဲ့ စားဝတ်နေရေး ပြေလည်တာလောက်နဲ့၊ အရိုးအရင်းလေးရတာလေးနဲ့ စီးပွားရေးအဆင်ပြေတယ်ဆိုပြီး ရောင့်ရဲပြီးတော့ ကျေနပ်ခဲ့ကြတာ။ တကယ်တော့ လုပ်ပိုင်ခွင့်ရှိတဲ့ပုဂ္ဂိုလ်တွေက အကျိုးအမြတ်အများကြီး ရဖို့အတွက် အလုပ်အကိုင် မစို့မပို့ကို ပြည်သူကိုပေးပြီး လုပ်ခဲ့တဲ့အချိန်ပါဗျ။ သယံဇာတ ကနေ ပိတ်ဆို့လိုက်တဲ့အခါ၊ တနည်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရပ်စဲ […]
28 Sep 2020

အလံဖြူ ဘယ်သူလွှင့်

‘လူ …’ တဲ့။အသိဉာဏ်ရှိတဲ့ သတ္တဝါကို ‘လူ’လို့ ခေါ်သတဲ့။ဘယ်လို အသိဉာဏ်မျိုးလဲ …။(၁) ‘သကတ္တ’နဲ့ ‘ပရတ္တ’ – မိမိအကျိုး၊ သူတပါးအကျိုး ခွဲခြားသိတာ၊ ဆိုလိုတာက ကိုယ့် အကျိုးသာမက သူ့အကျိုးပါ ဒွန်တွဲစဉ်းစားတာ၊ ချုပ်လိုက်တော့ ‘ကိုယ်ချင်းစာတရား’ ပေါ့။(၂) ‘အတ္တ’နဲ့ ‘အနတ္တ’ – အကျိုးရှိခြင်း၊ အကျိုးမဲ့ခြင်းကို ခွဲခြားသိတာ။ ဒီအလုပ် လုပ်ရင် အကျိုးရှိတယ်။ ဒီစကားပြောရင် အကျိုးမဲ့တယ်။ ဒီစကားပြောရင် အကျိုးရှိတယ်။ ဒီအလုပ်လုပ်ရင် အကျိုးမဲ့တယ်ကို သိတာ။ ဒီ ‘အကျိုး’ ဆိုတာမှာလည်း ‘ကိုယ်ချင်း စာတရား’ နဲ့ယှဉ်တဲ့ ‘အကျိုး’ ပါပဲ။(၃) ‘ပုည’နဲ့ ‘ပါပ’ – ကောင်းမှု၊ မကောင်းမှု။ ကုသိုလ်၊ အကုသိုလ်ကို စိတ်ဖြာပြီး သိတာ။ […]
30 Jul 2020

နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှ လွှမ်းခြုံပေးရန် (Universal Health Coverage) မြန်မာလျှောက်ရမည့်လမ်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ Universal Health Coverage (UHC) ဆိုသည့်စကားလုံးကို ဆီလျော်အောင် မြန်မာမှုပြုထားခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အလိုအရ UHC ဆိုသည်မှာ လူသားအားလုံး လိုအပ်သည့်အချိန်တွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ငွေကြေးအခက်အခဲ တစုံတရာမရှိဘဲ (ရောဂါကြောင့် ကျန်းမာရေးစရိတ်ထောင်းပြီး မွဲပြာကျရခြင်း၊ ကျန်းမာရေးစရိတ်ကြောင့် ဆင်းရဲတွင်းနက်သွားခြင်းများ မရှိဘဲ) လွယ်ကူလျင်မြန်စွာရရှိအောင် ဖန်တီးထားသည့်စနစ်မျိုးဟု အဓိပ္ပာယ်ဖွင့်ဆိုသည်။နိုင်ငံသားတိုင်း ကျန်းမာရေး သာတူညီမျှလွှမ်းခြုံပေး ဆိုသော အယူအဆသည် ကမ္ဘာ့နိုင်ငံအားလုံးကျင့်သုံးရန် လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ မူဝါဒတခုဖြစ်ပြီး(၁) Population Coverage ခေါ် လွှမ်းခြုံနိုင်သည့်လူဦးရေဆိုင်ရာ ရှုထောင့်(၂) Service Coverage ခေါ် ကျန်းမာရေးဝန်ဆောင်မှု လွှမ်းခြုံခြင်းဆိုင်ရာ ရှုထောင့်နှင့်(၃) Financial Coverage ခေါ် ကျန်းမာရေးဆိုင်ရာ […]
16 Jul 2020

လူမှုတရားမျှတရေး

သမိုင်းကြောင်းတလျှောက်လုံးတွင် လူမှုဆိုင်ရာ တရားမျှတမှုရရှိရန် ပြင်းပြသည့် စေ့ဆော်မှုများက လူသားတို့ကို လှုပ်ရှားမှုများဖြစ်အောင် ရိုက်ခတ်စေခဲ့ပါသည်။ လူမှုဆိုင်ရာတရားမျှတမှု ဆိုသည်မှာလည်း လူ့အဖွဲ့အစည်း အတွင်းရှိ အစုအဖွဲ့များ၊ သို့မဟုတ် လူတန်းစားအသီးသီးအပေါ် မမျှမတဆက်ဆံမှုနှင့် အခွင့်အလမ်းပိုင်းဆိုင်ရာ မညီမျှမှုများကို အသိအမှတ်ပြုခြင်းနှင့် ဖြေရှင်း ပေးခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ် ရုန်းကန် လှုပ်ရှားမှုမှာ လွတ်လပ်ရေးအတွက် ရုန်းကန်လှုပ်ရှားမှုတခုသာမက လူမှုဆိုင်ရာ တရားမျှတမှုအတွက် ရုန်းကန်လှုပ်ရှားမှုလည်း ဖြစ်ပါသည်။ထို့ကြောင့် ကိုလိုနီခေတ်နှင့် ကိုလိုနီခေတ်နှောင်းပိုင်းတို့၌ မြန်မာနိုင်ငံရှိ လူအများစုက လက်ဝဲအဖွဲ့အစည်းများအတွင်းသို့ ရောက်ရှိသွားကြခြင်းမှာလည်း လူမှုဆိုင်ရာ တရားမျှတမှုက အရေးကြီးသည်ဟု ထင်မြင်ယူဆကြခြင်းကြောင့်ဖြစ်ပါသည်။ ထိုမှတဖန် ပြီးခဲ့သည့် ဆယ်စုနှစ် များအတွင်းက လူမှုဆိုင်ရာတရားမျှတမှုနှင့် ပတ်သက်သည့် အယူအဆများကို တပ်မတော် အသိုင်းအဝိုင်း၏ အခွင့်ထူးခံကိစ္စများကို လျှော့ချရေး၊ တိုင်းရင်းသားလူမျိုးများနှင့် ဘာသာရေး ဆိုင်ရာ […]
24 Sep 2019

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး မှတ်ချက်စကား စက်တင်ဘာ ၂၁ ရက်က “ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် တရားမျှတမှု – ဒဿန အဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း” ခေါင်းစဉ်ဖြင့် ISP – Myanmar မှ ပြုလုပ်သော Myanmar Quarterly Symposium အဖွင့်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) သံအမတ်ကြီး H. E. Kristian Schmidt ပြောကြားခဲ့သည့် မှတ်ချက်စကား ဗီဒီယို ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် အလွတ်သဘော ပြန်ဆိုထားချက်ကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။ ► EU သံအမတ်ကြီး၏ အဖွင့်မှတ်ချက် မင်္ဂလာပါ။ ကျေးဇူးတင်ပါတယ်။ သိပ်ကောင်းပါတယ်။ ကျနော် ခံစားနေရတာ တက္ကသိုလ်ကို ပြန်ရောက်သွား သလိုပါပဲ။ ကျနော် […]
23 Sep 2019

ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု” ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း

” ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု၊ ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း “- ISP Myanmar က စီစဉ် ပြုလုပ်နေသော Myanmar Quarterly Symposium ၏ စတ္တုထ အကြိမ် ဆွေးနွေးပွဲ စကားဝိုင်းကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၁) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၁) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၂) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု ဒဿနအဖြေနှင့် မူဝါဒအဖြေကို ရှာဖွေခြင်း အပိုင်း(၂) ကွဲပြားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွက် လူမှုတရားမျှတမှု […]
20 Jun 2019

လူမှုတရားမျှတရေး၊ ကွဲပြားခြားနားမှုများသော မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သာနာညီမျှမှုကို ရှာဖွေခြင်း

The Myanmar Quarterly အမှတ် – ၄ ကို အောက်တွင် download ရယူ ဖတ်ရှုနိုင်ပါသည်။ အယ်ဒီတာမှတ်စု (၁)အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေး၊ ပြည်ထောင်စု တည်ဆောက်ရေး ဖော်ဆောင်မှုတွေ လုပ်တဲ့အခါ တိုင်းရင်းသားအရေး (လူမျိုးစုအရေး)၊ ကိုးကွယ် ယုံကြည်မှုဆိုင်ရာ ဘာသာရေး အစရှိတဲ့ ဝိသေသ လက္ခဏာတွေအပြင် လူ့အဖွဲ့အစည်းအတွင်း အလွန်အကျူး ဖြစ်နေတဲ့ လူတန်းစားမညီမျှမှု၊ ကျား-မ လိင်စိတ် ခံယူမှုဆိုင်ရာ တန်းတူရေး တဖက်စောင်းနင်း ဖြစ်ပေါ်နေမှုနဲ့ဥတုဖောက်ပြန်မှု ဆိုးပြစ်အကျိုးဆက် စတာတွေကိုလည်း လျစ်လျူရှုထားဖို့ မဖြစ်နိုင်ပါဘူး။ အထက်ဖော်ပြပါ ဆင်းရဲချမ်းသာ လူတန်းစားမညီမျှမှု အစရှိတဲ့ ကိစ္စရပ်တွေက တရားမျှတမှု မရှိတဲ့ လူမှု အခြေအနေတွေမှာ မြစ်ဖျားခံနေပါတယ်။ နိုင်ငံတော်ရဲ့ ဓနဥစ္စာ ပြန်လည် ဖြန့်ခွဲဝေမှု […]
17 Dec 2018

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား

” မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား “- ISP Myanmar က စီစဉ် ပြုလုပ်နေသော Myanmar Quarterly Symposium ၏ တတိယ အကြိမ် ဆွေးနွေးပွဲ စကားဝိုင်းကို အောက်ပါ ဗီဒီယိုဖိုင်များတွင် ကြည့်ရှုနိုင်ပါသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( ပထမပိုင် း) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( ဒုတိယပိုင်း ) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( တတိယပိုင်း ) မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းမှန်လျှောက်ဆဲလား၊ လမ်းချော်လွဲပြီလား – ( တတိယပိုင်း )