Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
4 Jul 2025 China Studies • Conflict Economy မြေရှားသတ္တု၏ တန်ဖိုး – စစ်မီးအလယ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှုများ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပါတယ်။
30 Jul 2020 Governance studies မြန်မာ့ဖက်ဒရယ်နှင့် ဒီမိုကရေစီအပေါ် ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်များ၏ နားလည်သဘောပေါက်မှုအား ဆန်းစစ်လေ့လာချက် သုတေသန စာတမ်း (eBook) ကို ယခု Link တွင် မည်သူအဆို အခမဲ့ download ရယူနိုင်ပါပြီ။ သုတေသနစာတမ်းကို အဓိကမေးခွန်း လေးခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ထိုမေးခွန်းများမှာ – (၁) နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများက ပြုစုထားသော ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ဖက်ဒရယ် နိုင်ငံတည်ထောင်ရေး လုပ်ငန်းစဉ်ဆိုင်ရာ စာတမ်းများသည် လွှတ်တော် ကိုယ်စားလှယ်များအတွက် မည်မျှ ထိရောက်ပါသနည်း။ (၂) ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးနှင့် စပ်လျဉ်း၍ အဆိုပါ စာတမ်းမျာက အဓိကထား ဖော်ပြသော အကြောင်းအရာများနှင့် အကြံပြုချက်များမှာ အဘယ်သို့နည်း။ (၃) ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ ဖက်ဒရယ်မူများအကြောင်း ရေးသားထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စာတမ်းများသည် လွှတ်တော် […]
16 Aug 2018 Governance studies အပြောင်းအလဲကို စီမံခန့်ခွဲခြင်း – မြန်မာအစိုးရအဖွဲ့၏ မူဝါဒချမှတ်သည့် လုပ်ငန်းစဉ် အနှစ်ချုပ် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသော ကာလအတွင်း ဝင်ရောက်ခဲ့သည်။ အာဏာရှင်စနစ်၊ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ၊ ဝိရောဓိများ ပြည့်နှက်နေသော အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး၊ ပြည်သူများ၏ ဆင်းရဲတွင်းနက်မှု ပြဿနာများ၊ အစရှိသည်တို့ကို ဆယ်စုနှစ်များစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းပြီးမှ စတင်ခဲ့ရသဖြင့် ဒီမိုကရေစီ အားကောင်းရေး၊ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အခွင့်အလမ်းတခုလည်း ဖြစ်နေသည်။ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်ရန် ပို၍ ထိရောက်သော မူဝါဒများ ချမှတ်ရန် လိုအပ်သည်။ ယခုစာတမ်းက မြန်မာအစိုးရအဖွဲ့၏ မူဝါဒ ချမှတ်ပုံကို မိတ်ဆက်ပေးထားသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အုပ်ချုပ်ရေးယန္တရား အခြေအနေများထက် ပြည်ထောင်စု အစိုးရအဖွဲ့၏ မူဝါဒချမှတ်ပုံကို အာရုံစိုက် ဖော်ပြထားပါသည်။ ပင်မရည်ရွယ်ချက်မှာ […]
6 Apr 2018 China Studies တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာ အစီရင်ခံစာ မိတ်ဆက်ပွဲ ISP Myanmar မှ ထုတ်ဝေခဲ့သည့် “တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲနှင့် ဆွေးနွေးမှုများအား တည်းဖြတ် ဖော်ပြထားသော ဗီဒီယို ဖြစ်ပါသည်။ အဆိုပါ သုတေသန အစီရင်ခံစာ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့ရှိ Kafe in Town ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
28 Feb 2018 China Studies တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ (သုတေသနစာတမ်း) မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ဆောင်ရွက်နေဆဲ ဖြစ်သော သုတေသနများအနက် ပထမဆုံး ထုတ်ဝေလိုက်သော သုတေသန စာတမ်း ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးမှ အရေးပါသူများနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကြိုးပမ်းခဲ့သော တရုတ်နိုင်ငံ၏ အမျိုးမျိုးသော ဆက်ဆံရေးများကို လေ့လာခြင်းဖြင့် ၎င်းတို့၏ အကျိုးစီးပွား လိုလားချက်များကို စာတမ်းတွင် ပုံဖော်ထားပါသည်။ သုတေသန စာတမ်း Soft copy စာအုပ်ကို Amazon Kindle Store တွင် ရရှိနိုင်ပြီး အဓိကမြို့ကြီးများရှိ စာအုပ်ဆိုင်များတွင်လည်း ကျပ် ၁၅၀၀ ဖြင့် ဝယ်ယူနိုင်ပါသည်။