Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
4 Jul 2025 China Studies • Conflict Economy မြေရှားသတ္တု၏ တန်ဖိုး – စစ်မီးအလယ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှုများ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပါတယ်။
17 Jul 2017 Myanmar Quarterly ပြည်ခိုင်ဖြိုး ထိပ်တန်း ခေါင်းဆောင်များ ပဋိပက္ခကို လေ့လာခြင်း ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင်များ ပဋိပက္ခကို လေ့လာခြင်း နေယံဦး ၁ ■ နိဒါန်း သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးတွင် စိတ်ဝင်စားဖွယ် ကောင်းသည့် အကြောင်းအရာတစ်ခုမှာ အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာတို့အကြား အားပြိုင်မှု ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အာဏာလွန်ဆွဲမှုကြီး ဖြစ်သည်။ တိတိကျကျ ဆိုရပါက သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သော ပြည်ခိုင်ဖြိုးလွှတ်တော် အမတ်များအကြား နိုင်ငံရေးပဋိပက္ခပင် ဖြစ်သည်။ အခြေခံဥပဒေ ခုံရုံးကိစ္စဖြင့် အစပြုခဲ့သော အာဏာနှစ်ရပ် ပွတ်တိုက်မှုသည် လွှတ်တော်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ပိုမို ပြင်းထန်လာခဲ့သည်။ ”သန်းခေါင်ယံ အာဏာသိမ်းပွဲ”ဟု မီဒီယာများက ခေါ်ဝေါ်သည့် သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌရာထူးမှ ဖြုတ်ချချိန်တွင် […]
16 Jul 2017 Myanmar Quarterly ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများ ဟိုင်လီသင်္ဘောရာဇဝင်၊ နော်ေ၀ – မြန်မာ ဆက်ဆံရေးနှင့် အာရှတိုက်အတွင်း နော်ေ၀ သင်္ဘောလိုင်းများအကြောင်း တစေ့တစောင်း လေ့လာချက် ကမ်မီလာဘူဇီ ၁ ၁၉၄၀ ပြည့်နှစ် သြဂုတ်မှာ ရန်ကုန်မြို့က လူငယ် သူငယ်ချင်းနှစ်ဦးဟာ တန်လွင်ချောင် နဲ့ တန်ဆုတောင်ဆိုတဲ့ တရုတ် နာမည်ဝှက်တွေကို အသုံးပြုပြီးတော့ သင်္ဘောပေါ်ကို တက်လာကြပါတယ်။ သူတို့စီးမယ့် သင်္ဘောဟာ နော်ေ၀ သင်္ဘောလိုင်းပိုင် အရှေ့ဖျားဒေသသွား လွန်းပျံ ကုန်တင်သင်္ဘော တစ်စင်းဖြစ်တဲ့ “ဟိုင်လီ” လို့ခေါ်တဲ့ သင်္ဘောပါ။ တကယ်တော့ ဒီလူငယ်နှစ်ဦးရဲ့ နာမည်အစစ်အမှန်က အောင်ဆန်းနဲ့ လှမြိုင်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါ်ထွန်းစ အမျိုးသားရေး လှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားနေကြတဲ့ သခင်လူငယ် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ တရုတ်ပြည် အမွိုင်မှာရှိတဲ့ ကူလန်ဆု နိုင်ငံတကာ […]
20 Jun 2017 Myanmar Quarterly ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ဒါန၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ဇော်တူးဆိုင်း ၁ လန်ဒန်အခြေစိုက် Charitable Aid Foundation က ကမ္ဘာပေါ်တွင် အလှူဒါနပြုလုပ်မှု အများဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက ၂၀၁၅ ခုနှစ်တွင် နောက်တစ်ကြိမ် ပြန်လည် ပါဝင်လာခဲ့ပါတယ်။ အဲဒီ တစ်ပြိုင်တည်းမှာပဲ မေးခွန်းထုတ်ရမှာက အလှူအတန်းက ရလာတဲ့ အလှူဒါနတွေ ဘယ်လောက် များသလဲ။ ငွေရေးကြေးရေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ ဆိုတာပါပဲ။ ဘယ်သူတွေ လှူကြသလဲ။ အလှူဒါနကို လက်ခံတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိကြသလား။ ပညာရှင်တွေဟာ ၁၉၉၀ အစောပိုင်းကတည်းက နိုင်ငံတကာမှာ အလှူအတန်းတွေ များလာပြီး ဘာသာရေး အကျင့်ပျက်ခြစားမှုတွေလဲ များပြားလာတဲ့အတွက် စစ်တမ်းတွေ ကောက်၊ သုတေသနတွေလုပ်ရင်း လေ့လာတွေ့ရှိချက်တွေကို ဆွေးနွေးကာ စာပေစာတမ်းတွေ […]