Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:GT2026-02, 29 Apr 2026 Conflict, Peace & Security • Governance studies ရှမ်းပြည်နယ်အတွင်း အာဏာအပြိုင်တည်ဆောက်နေသော အုပ်ချုပ်ရေးအဖွဲ့များ ရှမ်းပြည်နယ်အတွင်း အုပ်ချုပ်ရေးအဖွဲ့ပေါင်း ၁၂ ဖွဲ့ထက်မနည်း အပြိုင်အဆိုင်ရှိနေသည်။ ပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် စိန်ခေါ်ချက်များ ပိုမိုမြင့်မားလာသည်။ ထိုနည်းတူ ဒေသခံများအတွက်လည်း ရှုပ်ထွေးမှုများစွာ ကြုံတွေ့ရနိုင်သည်။
issue:PCET2026-03, 28 Apr 2026 China Studies မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် MNDAA အဓိကဇာတ်ကောင် ဖြစ်လာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ နှင့် လမ်းပိုင်းများကို MNDAA က အများဆုံး ထိန်းချုပ်နိုင်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး ပြန်စနိုင်ရန် တရုတ်နိုင်ငံ၊ ဦးမင်းအောင်လှိုင်အစိုးရ နှင့် MNDAA တို့အကြား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ဖြစ်လာနိုင်သည်။
issue:ST2026-03, 23 Apr 2026 Governance studies • Naypyitawlogy လွှတ်တော်ကော်မတီအများစု၌ စစ်ခေါင်းဆောင်၏ လူယုံများ နေရာယူထား လွှတ်တော်ကော်မတီများသည် အုပ်စိုးသူများ၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိန်းကျောင်းရာ၌ အရေးပါသည်။ ထိုကော်မတီများရှိ ဥက္ကဋ္ဌနေရာတွင် လူယုံများကို နေရာပေးထားခြင်းဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှတ်တော်၏ ထိန်းကျောင်းနိုင်စွမ်းကို စစ်ခေါင်းဆောင်က သွယ်ဝိုက်ကန့်သတ်ထားမည့်သဘော ဆောင်ပါသည်။
issue:ST2026-02, 12 Mar 2026 Conflict, Peace & Security အလုံးအရင်းဖြင့် အမှုပိတ်သိမ်းခြင်းကို လေးလအတွင်း နှစ်ကြိမ်လုပ်ခဲ့ စစ်ကော်မရှင်သည် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူ ၅,၅၀၀ ကျော် (တိမ်းရှောင်နေသူများအပါအဝင်)ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် အမှုပိတ်သိမ်းခဲ့သည်။ ထိုနည်းတူ အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံရသူများအနက် ၁၂,၀၀၀ ကျော် (တိမ်းရှောင်နေသူများအပါအဝင်)ကိုလည်း ၂၀၂၆ ခုနှစ် မတ် ၂ ရက်တွင် အမှုပိတ်သိမ်းခဲ့သည်။
issue:GT2026-01, 9 Feb 2026 Governance studies • Naypyitawlogy ပုဂ္ဂိုလ်ရေးအာဏာရှင်စနစ်နှင့် အခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေပြင်ဆင်ချက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့၏ လုပ်ပိုင်ခွင့်ကို လျှော့ချလိုက်ပြီး ခုံရုံးအပေါ် လွှတ်တော်၏ အပြန်အလှန်ထိန်းကျောင်းနိုင်မှုကို အားပျော့သွားစေခဲ့သည်။ ခုံရုံး၏ ဩဇာအာဏာ ကြီးထွားလာနိုင်သည်။
issue:PCET2026-02, 26 Jan 2026 China Studies ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် KNA ၏ ဖြစ်တည်မှု ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းများကို နှိမ်နင်းမှုများ ကျယ်ပြန့်လာချိန်တွင် KNA အပြောင်းအလဲက ပဋိပက္ခစီးပွားရေး ရှုပ်ထွေးလာသည့် ကရင်ပြည်နယ်အတွင်း သိသာထင်ရှားသော အရွေ့တခုဖြစ်ခဲ့သည်။
issue:ST2026-01, 22 Jan 2026 Conflict, Peace & Security စစ်တပ်ထိပ်ပိုင်းတွင် စတုတ္ထမျိုးဆက်အရာရှိများ ဆက်တိုက်နေရာရလာ ဦး၊ ရေး၊ ထောက် (စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်) လုပ်ငန်းစဉ်အားလုံးကို ဦးဆောင်ရသော စစ်ဆင်ရေးအထူးအဖွဲ့မှူးများနှင့် အရာရှိချုပ်အားလုံးနီးပါးအပြင် စစ်တိုင်းမှူးများသည် စတုတ္ထမျိုးဆက်အရာရှိများ ဖြစ်လာကြသည်။
issue:PCET2026-01, 21 Jan 2026 China Studies စစ်အာဏာသိမ်းမှုအလွန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ လေးဆထိုးကျ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းသောကြောင့် စစ်ကော်မရှင်က ပြည်ပရင်းနှီးမြှုပ်နှံမှုများ (အထူးသဖြင့် တရုတ်နိုင်ငံ) ပိုမိုဝင်ရောက်လာစေရန် ဖိတ်ခေါ်နေသည်။
issue:ST-05, 17 Dec 2025 Conflict, Peace & Security • Naypyitawlogy အာဏာသိမ်းမှုအလွန် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့ စစ်ဆင်ရေးဖော်ဆောင်မှုများကို အမိန့်ပေးကွပ်ကဲရသည့် တိုင်းစစ်ဌာနချုပ် ၁၄ ခု၏ တိုင်းမှူးများကို စစ်ခေါင်းဆောင်က မကြာခဏ ပြောင်းလဲလေ့ရှိသည်။ စစ်ရေးဆုံးရှုံးမှုကြောင့် တိုင်းမှူး ပြောင်းလဲမှုရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုနည်းသော တိုင်းစစ် ဌာနချုပ်များတွင်ပါ ပြောင်းလဲမှုများရှိခဲ့သည်။
issue:CST-02, 10 Dec 2025 Conflict, Peace & Security အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၉၅ ကြိမ်ထက်မနည်း ရှိလာ ဖြစ်စဉ်များအနက် ၉၁ ခုမှာ စစ်ကော်မရှင်က ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရပ်သား ၁,၇၇၆ ဦး သေဆုံးခဲ့သည်။ ကျန်လေးခုမှာ တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ အရပ်သား ၈၅ ဦး သေဆုံးခဲ့သည်။ ပဋိပက္ခများအတွင်း အရပ်သားများအပေါ်ကာကွယ်မှုပေးနိုင်စွမ်း (civilian protection) အဆိုးရွားဆုံးနိမ့်ကျနေသည့် အခြေအနေကို ဖော်ပြနေသည်။
issue:ST-04, 1 Dec 2025 Conflict, Peace & Security AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်၊ စစ်ကော်မရှင်၏ ကပစစက်ရုံများကို သိမ်းနိုင်ရန် မလွယ်ကူသေး ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲထားသော စစ်ကော်မရှင်သည် အနောက်ဘက်စစ်မျက်နှာတွင် ပိုမိုအင်အားထည့်လာသည်ကို တွေ့ရသည်။ AA အနေနှင့်လည်း စစ်ကော်မရှင်၏ စစ်ရှိန်မြှင့်လာမှုများအပြင် ရခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါကလည်း ထိန်းချုပ်ထားရန် ခက်ခဲမှုများကြောင့် ကပစစက်ရုံများကို သိမ်းပိုက်အခြေချနိုင်ရန်မှာ မလွယ်ကူသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။
issue:PET-03, 26 Nov 2025 China Studies • Conflict Economy ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိခဲ့ ကမ္ဘာ့မြေရှားတူးဖော်မှုတွင် မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေသည်။ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ၆၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ၂၀၂၅ ခုနှစ် ကိုးလအတွင်း မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု လျော့ကျခဲ့သော်လည်း တည်ငြိမ်စိတ်ချရသည့် မြေရှားထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံက ရှာဖွေနေသဖြင့် မြန်မာနိုင်ငံတွင် မြေရှားတူးဖော်မှု ပိုများလာနိုင်သည်။
issue:PET-02, 20 Nov 2025 China Studies မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုး ဖော်ပြချက်ကွာဟမှု အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံကျော် ရှိလာ ထိုအထဲက အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်သည် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အာဏာသိမ်းမှုအလွန်တွင် ရှိလာသောပမာဏဖြစ်သည်။ ကုန်သွယ်မှုတန်ဖိုးဖော်ပြချက်ကွာဟမှုများသည် စစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော နှစ်နိုင်ငံနယ်စပ်ဒေသ မတည်ငြိမ်ခြင်း၊ မြေရှားကဲ့သို့ တရားမဝင်သတ္တု တူးဖော်တင်ပို့မှုများ မြင့်တက်လာခြင်းနှင့် တရားမဝင်စီးပွားရေး ကြီးထွားလာခြင်းတို့နှင့်လည်း ဆက်နွှယ်နေပါသည်။
issue:GT2025-02, 25 Sep 2025 Conflict Economy • Conflict, Peace & Security KIO အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုကို ဒွန်တွဲယူလာသော မြေရှားသတ္တုသိုက် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု စံချိန်တင် လျော့ကျခဲ့ပြီးနောက် KIO အပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိခဲ့ပြီး KIO ၏ သယံဇာတအုပ်ချုပ်မှု (Resource Governance) မှာ နိုင်ငံရေးညှိနှိုင်းမှုနှင့် အာဏာထိန်းချုပ်ရေးအတွက် အရေးပါလာခဲ့သည်။
issue:CST-01, 19 Sep 2025 Conflict, Peace & Security အရပ်သားများ အစုအပြုံလိုက်သေဆုံးမှုဖြစ်စဥ် ၉၂ ကြိမ်ထက်မနည်း ရှိလာ ဖြစ်စဥ်များအနက် ၈၈ ခုကို စစ်ကော်မရှင်က ကျူးလွန်ခဲ့ပြီး အရပ်သား ၁,၇၂၃ ဦး သေဆုံးခဲ့သည်။ ကျန်ဖြစ်စဥ် လေးခုကို တော်လှန်ရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ အရပ်သား ၈၅ ဦး သေဆုံးခဲ့သည်။