Special Features

၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး ISP Column ဆောင်းပါး ၁၀ ပုဒ်

ISP Column ကဏ္ဍဟာ လူထုတွေအကြားက ဉာဏ်လှိုင်းခတ်ဆင်ခြင်သံတွေကို ထင်ဟပ်ဖော်ပြနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာတခုဖြစ်ပါတယ်။ ရည်ရွယ်ထားသလိုပဲ လူထုတွေ၊ အထူးသဖြင့် စစ်ဒဏ်သင့်နယ်မြေအတွင်းက အခြေအနေတွေအကြောင်း ရေးသားပေးပို့လာမှုတွေ အများအပြားရှိခဲ့ပြီး Column အဖွဲ့က စိစစ်ထုတ်ဝေခဲ့ပါတယ်။
By ISP Admin | December 31, 2025

Photo – AFP

▪️အယ်ဒီတာမှတ်စု

တနှစ်တာကူးပြောင်းပြန်ပါတော့မယ်။ ကုန်ခဲ့တဲ့တနှစ်တာအတွင်းမှာ မြန်မာပြည်သူလူထုတွေကတော့ မသက်သာလှပါဘူး။ အဆိုးရွားဆုံး သဘာဝဘေးနဲ့ လူလုပ်ဘေးတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ISP Column ကဏ္ဍဟာ လူထုတွေအကြားက ဉာဏ်လှိုင်းခတ်ဆင်ခြင်သံတွေကို ထင်ဟပ်ဖော်ပြနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာတခုဖြစ်ပါတယ်။ ရည်ရွယ်ထားသလိုပဲ လူထုတွေ၊ အထူးသဖြင့် စစ်ဒဏ်သင့်နယ်မြေအတွင်းက အခြေအနေတွေအကြောင်း ရေးသားပေးပို့လာမှုတွေ အများအပြားရှိခဲ့ပြီး Column အဖွဲ့က စိစစ်ထုတ်ဝေခဲ့ပါတယ်။ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သဘာဝဘေး စတဲ့ ကိစ္စရပ်တွေအပေါ် ရှုထောင့်ပေါင်းစုံကနေ ရေးသားထားတဲ့ ကော်လံစာမူ ၁၀၅ ပုဒ်ကို ဖော်ပြနိုင်ခဲ့ပါတယ်။ အဲဒါတွေထဲကမှ စာဖတ်ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်မှု၊ တုံ့ပြန်မျှဝေမှုအများဆုံးဖြစ်ခဲ့တဲ့ အောက်ဖော်ပြပါ ၁၀ ပုဒ်ကို တနှစ်တာအထိမ်းအမှတ်အဖြစ် စုစည်းထုတ်ဝေလိုက်ပါတယ်။


၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး ISP Column ဆောင်းပါး ၁၀ ပုဒ်


လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။  လူတဦးရဲ့ ဒုက္ခကို အရင်းပြုပြီး အလှူရှင်ရှာတာ၊  လူ့ဂုဏ်သိက္ခာကို စတေးပြီး သနားစိတ်ကို မျှားခေါ်တာတွေဟာ ကျင့်ဝတ်နဲ့ ညီပါရဲ့လား။ ခေတ်ပျက်ထဲက အမြင်ရိုင်းတဲ့ Poverty Porn တွေအကြောင်း ဒီဆောင်းပါးမှာ ဆန်းစစ်ထားပါတယ်။


လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ



ဘီယာမရှိသော ရခိုင်ပြည်

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ ဒုတိယမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။  ပြည်မကလာတဲ့အရက်တွေကို ပိတ်ပင်ထားကြောင့် သောက်စရာရှားလာ၊ အဆမတန်ဈေးကြီးလာလို့ ကြုံရာသောက်နေရတဲ့ ရခိုင်ပြည်သူတွေရဲ့ အခက်အခဲနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေအကြောင်း စိုးရိမ်မှုတွေကို ဖော်ပြထားပါတယ်။


ဘီယာမရှိသော ရခိုင်ပြည်



လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ တတိယမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ တရားဝင်သေနတ်ကိုင်ခွင့်ရှိတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဘယ်လိုထိပ်တိုက်တွေ့မလဲ။ ကျားဖြန့်လုပ်ငန်းတွေလိုပဲ ရှုပ်ထွေးတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်လာဦးမလားဆိုတာ ဆွေးနွေးထားပါတယ်။


လိုင်စင်ရလက်နက်ကိုင်အဖွဲ့တခုတော့ ပေါ်လာပြီ



ပြည်သူ့အသက်ကို ဦးစားပေးပါ

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ စတုတ္ထမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှုတွေ ကြီးမားလွန်းတဲ့ စစ်ကိုင်း-မန္တလေးငလျင်လို အကျပ်အတည်းကာလမှာ နိုင်ငံရေးထက် ပြည်သူ့အသက်ကို ရှေ့တန်းတင်ပြီး CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ အားကို ရယူဖို့ အရေးကြီးတဲ့အကြောင်း ဆွေးနွေးထားတာပါ။


ပြည်သူ့အသက်ကို ဦးစားပေးပါ



နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် မတ် ၂ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ ပဉ္စမမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးကာလမှာ ဆယ်လီတွေရဲ့ အခန်းကဏ္ဍက အရေးပါပေမဲ့ နိုင်ငံရေးဦးဆောင်မှုနဲ့ တော်လှန်ရေးစံနှုန်းတွေအပေါ် မှားယွင်းတဲ့ သက်ရောက်မှုတွေ မဖြစ်လာအောင် သတိထားဖို့ လိုတဲ့အကြောင်း ဆွေးနွေးထားပါတယ်။


နိုင်ငံရေးသမားကို ဆယ်လီဇာတ်သွင်းခြင်း



စစ်ခေါင်းဆောင် မဖွင့်ရဲသော တံခါးတချပ်

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ ဆဋ္ဌမမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ အာဏာကို တဦးတည်း လက်ဝါးကြီးအုပ်ထားလိုတဲ့ စစ်ခေါင်းဆောင်ဟာ လွှတ်တော်တံခါးတွေ ဖွင့်ပြီး လက်ရှိရယူထားတဲ့ ယာယီသမ္မတ၊ ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးတွေ ခွဲဝေပေးရမယ့်လမ်းကို ရွေးချယ်ပါ့မလားဆိုတာ သုံးသပ်တင်ပြထားပါတယ်။


စစ်ခေါင်းဆောင် မဖွင့်ရဲသော တံခါးတချပ်



လူငယ်တွေကို ဘယ်လိုကယ်ထုတ်မလဲ

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ သတ္တမမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ ခပ်ကင်းကင်း နေလိုသူတွေတောင် စစ်မှုထမ်းဥပဒေကြောင့် မလုံခြုံတော့တာ၊ ပြည်ပကိုလည်း မထွက်နိုင်၊ တော်လှန်ရေးနယ်မြေလည်း မရောက်နိုင်ဘဲ မြို့ပြမှာ ပိတ်မိနေသူတွေအနေနဲ့ ဝေခွဲမရတာ စတဲ့အခြေအနေတွေကို ဖော်ကျူးထားတာပါ။


လူငယ်တွေကို ဘယ်လိုကယ်ထုတ်မလဲ



မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဧပြီ ၁၁ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ အဋ္ဌမမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ စစ်ကောင်စီက သုံးစွဲမယ့် ဘတ်ဂျက်ဟာ နည်းပါးလွန်းနေတာကြောင့် ပြန်လည်ထူထောင်ရေးအတွက် စိုးရိမ်စရာဖြစ်နေတာ၊ ဗိုလ်ချုပ်တွေပဲ ဦးဆောင်နေတဲ့ သဘာဝဘေးကော်မတီဟာ ရေရှည်မဟာဗျူဟာမရှိဘဲ ကွင်းဆင်းဓာတ်ပုံရိုက်ပြရုံနဲ့ အချိန်ကုန်နေတာတွေကို ထောက်ပြထားပါတယ်။


မြန်မာ့ငလျင်ဘေးနှင့် ယောင်ခြောက်ဆယ် စစ်ကောင်စီ



လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ နဝမမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်က စည်းလွတ်ဘောင်လွတ် တိုက်ခိုက်မှုတွေဟာ စနစ်တကျ ပြစ်ဒဏ်ပေးခြင်း မဟုတ်ဘဲ ‘အာသာဖြေစုန်းဖမ်းပွဲ’လိုဖြစ်နေကြောင်း၊ အဲဒါဟာ တရားမျှတမှုဆီ ဦးတည်ရဲ့လားဆိုတာကို ဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါတယ်။


လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့



လူ့သမိုင်း၏ နောက်ဆုံးပြဇာတ်

ဒီဆောင်းပါးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ISP-Myanmar ကနေ ဖော်ပြခဲ့ပါတယ်။ ဒီတနှစ်လုံးဖော်ပြခဲ့တဲ့ ISP Column တွေထဲမှာ ပရိသတ်တွေ ဒသမမြောက်စိတ်အတွေ့ဆုံး၊ အဖတ်များဆုံးနဲ့ မျှဝေတုံ့ပြန်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးဟာ ဆိုရှယ်မီဒီယာခေတ်မှာ ပညာရှင်တွေ ပျောက်ကွယ်ပြီး အာရုံစိုက်ခံရမှုသာ အဓိကဖြစ်လာတဲ့ ကမ္ဘာကြီးရဲ့ ဆုတ်ယုတ်မှုနဲ့ လူ့ယဉ်ကျေးမှုဟာ စစ်မက်တွေကြောင့် ပျက်စီးတာမဟုတ်ဘဲ ‘ညံ့ဖျင်းမှုတွေကို အားပေးရင်း’နဲ့ပဲ အဆုံးသတ်သွားမယ့်အကြောင်း ရသမြောက်စွာ သရော်ထားပါတယ်။


လူ့သမိုင်း၏ နောက်ဆုံးပြဇာတ်




Leave a Reply

Your email address will not be published. Required fields are marked *