Photo – AFP
▪️ကာလ (Period)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်အတွင်း။
▪️ဖြစ်ရပ်/အဖြစ်အပျက်များ (Incidents/events)
ကျောင်းသူကျောင်းသား ၂၀ ဦးသေဆုံးခဲ့သော စက်တင်ဘာ ၁၂ ရက် ‘ကျောက်တော် ဖြစ်စဉ်’အပါအဝင် လေးနှစ်ကျော်ကာလအတွင်း နိုင်ငံတဝန်းတွင် အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက်သေဆုံးရသည့် ဖြစ်စဉ် ၉၂ ကြိမ်ထက်မနည်းရှိလာပြီး အရပ်သား ၁,၈၀၈ ထက်မနည်း သေဆုံးခဲ့ကြရသည်။
▪️တည်နေရာ (Locations)
တိုင်းနှင့် ပြည်နယ် ၁၂ ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊စစ် ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့ ဖြစ်ကြသည်။
▪️အဖွဲ့အစည်းများ (Actors involved)
စစ်ကော်မရှင်တပ်များနှင့် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ။
▪️ဖြစ်ရပ်အမျိုးအစား (Types)
လက်နက်တမျိုးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ မီးရှို့ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်ခံရခြင်းတို့ကြောင့် အရပ်သားများ အစုအပြုံလိုက် သေဆုံးရမှု။
▪️အခြေအနေ ဦးတည်ချက် (Status/trends)
ဖြစ်စဉ်များအနက် ၈၈ ခုကို စစ်ကော်မရှင်တပ်များက ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အရပ် သား ၁,၇၂၃ ဦး သေဆုံးခဲ့သည်။ ကျန်လေးခုကို တော်လှန်ရေးတပ်များက ကျူးလွန်ခဲ့ကာ အရပ်သား ၈၅ ဦး သေဆုံးခဲ့သည်။ ဖြစ်စဉ်များ၏ ၅၂ ရာခိုင်နှုန်းသည် လေ ကြောင်းတိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်သည်။ စစ်ကော်မရှင်က မြေပြင်ထိုးစစ်အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ ဂျက်ဖိုက်တာများနှင့် ဒရုန်းအသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများလည်း အားကောင်းလာသဖြင့် ယခုလိုဖြစ်စဉ်များ ပိုများလာနိုင်သည်။
▪️အန္တရာယ်အဆင့် (Risk Level)
စစ်ကော်မရှင်၏ ပစ်မှတ်ထားတိုက်ခိုက်မှုပုံစံ (target and airstrike patterns) များ သည် စစ်ဘက်တခုတည်းမဟုတ်ဘဲ အရပ်သားများနေအိမ်များအပြင် သာသနိကအဆောက်အအုံများ၊ ဆေးရုံများနှင့် စာသင်ကျောင်းများကိုပါ ပစ်မှတ်ထားနေသည်။ အထူးသဖြင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့်နယ်မြေများ (resistance controlled territory) နှင့် စစ်ရေးတင်းမာနယ်မြေများ (contested areas) များရှိ အရပ်သားများမှာ အန္တရာယ်ရှိနိုင်ခြေ အမြင့်ဆုံး၌ရှိနေသည်။
▪️သက်ရောက်နိုင်ခြေ (Implications)
စစ်အနိုင်ရလိုသည့် ရည်မှန်းချက်၊ သံသယအခြေပြု လုံခြုံရေးရှုထောင့်ဖြင့် အရပ် သားများအား ပစ်မှတ်ထားခြင်းသည် ကျူးလွန်ခံရသူတွင်သာမက ကျူးလွန်သူများအပေါ်တွင်လည်း ဆိုးကျိုးရှိသည်။ ပစ်မှတ်ထားတိုက်ခိုက်ခံရသဖြင့် အရပ်သားများအစုအပြုံလိုက်သေဆုံးမှု (civilian casualty) ဦးရေနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ (collateral damage) မြင့်မားလာနိုင်သည်။ ကျူးလွန်သည့် အဖွဲ့အစည်းများသည်လည်း စစ်ရေးရှုထောင့်တခုတည်းကိုသာ အလေးပေးတိုက်ခိုက်သဖြင့် စစ်အတွင်း ရာဇဝတ်ကျူးလွန်မှုမှတ်တမ်း (war crime records) ပိုများလာနိုင်သည်။


ISP Conflict & Security Tracker
အရပ်သားများ အစုအပြုံလိုက်သေဆုံးမှုဖြစ်စဥ် ၉၂ ကြိမ်ထက်မနည်း ရှိလာ
