Tracker

တပ်ချုပ်သစ်လက်ထက် မကွေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက် အချိန်ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်း လုပ်ခဲ့သည်။ ထိုအထဲတွင် မကွေးတိုင်းကို အများဆုံးပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် (၃၂၂ ကြိမ်ထက်မနည်း) အထိ ရှိခဲ့သည်။
By ISP Admin | September 16, 2026

Photo – AFP


ကာလ (Period)
၂၀၂၆ ခုနှစ်​ မတ် ၃၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ။


ဖြစ်ရပ်/အဖြစ်အပျက်များ (Incidents/events)
မြန်မာစစ်တပ်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရရှိခဲ့ပြီးနောက် အချိန်ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁,၅၈၃ ကြိမ်ထက်မနည်း လုပ်ခဲ့သည်။ ထိုအထဲတွင် မကွေးတိုင်းကို အများဆုံး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် (၃၂၂ ကြိမ်ထက်မနည်း) အထိ ရှိခဲ့သည်။


တည်နေရာ (Locations)
ရန်ကုန်တိုင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ် ၁၃ ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့သည်။


ဖြစ်ရပ်အမျိုးအစား (Types)
လေကြောင်းတိုက်ခိုက်မှု။


အခြေအနေ ဦးတည်ချက် (Status/Trends)
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်တွင် စစ်ရေးဆိုင်ရာ နည်းဗျူဟာအပြောင်းအလဲများ ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများကိုလည်း အရှိန်မြှင့်ခဲ့သည်။ မြန်မာစစ်တပ်သည် မကွေးတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၂၂ ကြိမ်ထက်မနည်းဖြင့် အများဆုံးလုပ်ခဲ့ပြီး ချင်းပြည်နယ်အတွင်း ၃၀၁ ကြိမ်ထက်မနည်း လုပ်ခဲ့ပါသည်။ စစ်ကိုင်းတိုင်းအတွင်း တိုက်ခိုက်မှု ၂၄၂ ကြိမ်ထက်မနည်းရှိခဲ့ကာ ရခိုင်ပြည်နယ်တွင် ၂၂၂ ကြိမ်ထက်မနည်း ရှိပါသည်။ ကချင်ပြည်နယ်တွင် ၈၆ ကြိမ်ခန့်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ခုနစ်ကြိမ်ခန့်သာရှိသည့်အတွက် မြန်မာစစ်တပ်၏ ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ ပိုမိုဦးတည်လျက်ရှိသည်။


အန္တရာယ်အဆင့် (Risk Level)
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် ထိုဒေသများသို့ သွားရောက်ရာ စစ်ဆင်ရေးလမ်းကြောင်းများအတွက် အဓိကကျသော မကွေးတိုင်းတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုများနေသည်။ အဆိုပါ တိုင်းနှင့် ပြည်နယ် လေးခုတွင်ရှိသော တော်လှန်ရေးတပ်များထိန်းချုပ်ထားရာ ဒေသများရှိ အရပ်သားများမှာ ထိခိုက်ခံရမှုအန္တရာယ်ဖြစ်နိုင်ခြေ အမြင့်ဆုံးတွင် ရှိနေပါသည်။


သက်ရောက်နိုင်ခြေ (Implications)
ရွေးကောက်ပွဲအလွန်တွင် ဦးမင်းအောင်လှိုင်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် တဖွဲ့ချင်းစီ အပစ်ရပ်ရေးရရှိရန် နည်းပေါင်းစုံသုံး ကြိုးပမ်းနေသည်။ ထိုအထဲတွင် စစ်ရေးနည်းဖြင့် ဖိအားပေးခြင်းလည်း ပါဝင်လျက်ရှိသည်။ ဒေတာအချက်အလက်များအရ လေကြောင်းတိုက်ခိုက်မှုများ လျော့ကျသွားနိုင်ခြေ မရှိဘဲ စာသင်ကျောင်း၊ သာသနိက အဆောက်အအုံ၊ ဆေးရုံနှင့် စစ်ဘေးဒုက္ခသည်စခန်းများကိုပါ ထိမှန်နေခြင်းကြောင့် အရပ်သားသေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုဆိုးရွားလာစေနိုင်သည်။




ISP Conflict & Security Tracker

တပ်ချုပ်သစ်လက်ထက် မကွေးတိုင်းတွင် လေကြောင်းတိုက်ခိုက်မှု အများဆုံးလုပ်ခဲ့






Leave a Reply

Your email address will not be published. Required fields are marked *