Tracker

ကျောက်တော်မြို့နယ် အိန္ဒိယစျေးဗုံးကြဲခံရမှုအပါအဝင် အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိလာ

အာဏာသိမ်းမှုနောက်ပိုင်း ငါးနှစ်ကျော်ကာလအတွင်း အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ဦး သေဆုံးခဲ့သည်။ သေဆုံးသူအားလုံး၏ ၆၅ ရာခိုင်နှုန်းခန့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။
By ISP Admin | September 30, 2026

Photo – AFP


ကာလ (Period)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်အထိ။


ဖြစ်ရပ်/အဖြစ်အပျက်များ (Incidents/events)
၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယစျေးနှင့် ကစ္ဆပနဒီတံတားဝန်းကျင်၌ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ အာဏာသိမ်းမှုအလွန် ငါးနှစ်ကျော်ကာလအတွင်း အရပ်သား ၁၀ ဦးနှင့်အထက် အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သား ၂,၃၂၄ ဦး သေဆုံးခဲ့သည်။ သေဆုံးသူအားလုံး၏ ၆၅ ရာခိုင်နှုန်းခန့်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်သည်။


တည်နေရာ (Locations)
ရန်ကုန်တိုင်းမှအပ နိုင်ငံတဝန်း။


အဖွဲ့အစည်းများ (Actors involved)
မြန်မာစစ်တပ်နှင့် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များ။


ဖြစ်ရပ်အမျိုးအစား (Types)
လက်နက်တမျိုးမျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရခြင်း၊ မီးရှို့ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်ခံရခြင်းတို့ကြောင့် အရပ်သားများ အစုအပြုံလိုက် သတ်ဖြတ်ခံရမှု။


အခြေအနေ ဦးတည်ချက် (Status/trends)
ဖြစ်စဉ်များအနက် အကြိမ် ၁၁၀ ထက်မနည်းကို မြန်မာစစ်တပ်ကကျူးလွန်ခဲ့ပြီး အရပ်သား ၂,၂၂၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ မြန်မာစစ်တပ်နှင့် ၎င်းကိုထောက်ခံသူများမဟုတ်သော အခြားလက်နက်ကိုင်များ ကျူးလွန်ခဲ့သည့်ဖြစ်စဉ် ငါးကြိမ်ရှိပြီး အရပ်သား ၉၇ ဦးထက်မနည်း သေဆုံးခဲ့သည်။ မြန်မာစစ်တပ်တွင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီးနောက် ကချင်၊ ရခိုင်နှင့် ကရင် စစ်မျက်နှာများတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်။ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ တိုးမြှင့်လာပြီး အစုအပြုံလိုက်သတ်ဖြတ်ခံရမှုများ ဆက်ဖြစ်နေသည်။


အန္တရာယ်အဆင့် (Risk Level)
တော်လှန်ရေးတပ်များ၏ ထိန်းချုပ်နယ်မြေများနှင့် စစ်ရေးတင်းမာနေသော နယ်မြေများရှိ အရပ်သားများမှာ ထိခိုက်နိုင်ခြေအန္တရာယ် အမြင့်ဆုံးရှိနေသည်။ အရပ်သားနေအိမ်များအပြင် သာသနိကအဆောက်အအုံများ၊ ဆေးရုံနှင့် စာသင်ကျောင်းများပါ ပစ်မှတ်ထားခံနေရသဖြင့် ပဋိပက္ခများအတွင်း အရပ်သားများအပေါ် ကာကွယ်မှုပေးနိုင်စွမ်း အဆိုးရွားဆုံး နိမ့်ကျနေပါသည်။


သက်ရောက်နိုင်ခြေ (Implications)
စစ်အနိုင်ရလိုသည့် ရည်မှန်းချက်နှင့် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများရှိ အရပ်သားများကိုပါ ပစ်မှတ်ထားခြင်းသည် ကျူးလွန်ခံရသူတွင်သာမက ကျူးလွန်သူများအပေါ်တွင်လည်း ဆိုးကျိုးရှိစေသည်။ ထိုသို့ ပစ်မှတ်ထားတိုက်ခိုက်သဖြင့် အရပ်သားသေဆုံးမှုဦးရေနှင့် အိုးအိမ်ဖျက်ဆီးခံရမှုများလည်း မြင့်မားလာသည်။ ကျူးလွန်သည့်အဖွဲ့အစည်းများသည်လည်း စစ်ရာဇဝတ်ကျူးလွန်မှုမှတ်တမ်း ပိုများလာနိုင်သည်။




ISP Conflict & Security Tracker

ကျောက်တော်မြို့နယ် အိန္ဒိယစျေးဗုံးကြဲခံရမှုအပါအဝင် အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိလာ






Leave a Reply

Your email address will not be published. Required fields are marked *