Events

Past 30 Minutes With The ISP

July 25, 2026

‘ဘယ်စာ ဘယ်နှစ်ဝါ မောင် သင်မတုန်း’ – ပညာသင်ခွင့်အကျပ်အတည်းအတွက် မူဝါဒအဖြေ ဘယ်လိုရှာနိုင်ကြမလဲ

တချိန်ကတော့ မြန်မာနိုင်ငံမှာ အခြေခံပညာသင်ယူခွင့်ဆိုတာ ဘေးမသီရန်မခ ပုံမှန်လျှောက်လှမ်းရမယ့် လမ်းကြောင်းတခုပါပဲ။ ဘယ်လိုအခက်အခဲပဲရှိရှိ အချိန်တန်ရင် သေစာ ရှင်စာတော့ တတ်နေရမယ်ဆိုတာမျိုး ဖြစ်ပါတယ်။ လူများစုအတွက် အခြေခံပညာသင်ယူခွင့်ဆိုတာ ခက်ခဲတဲ့အရာ မဖြစ်ခဲ့ပါဘူး။ ဒီနေ့အချိန်မှာတော့ မလုံခြုံမှု၊ စိုးရိမ်မှု၊ မရေရာမှု၊ ဆင်းရဲမွဲတေမှုနဲ့ နိုင်ငံရေးစနစ်တွေကြားထဲ အဆင့်မြင့်ပညာမဟုတ်သေးတဲ့ အခြေခံပညာ သင်ယူနိုင်ခွင့်ကိုပါ လက်လွှတ်ရတာမျိုး ဖြစ်လာပါတယ်။

March 14, 2026

ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်သေးသည့် ဖားစည်မြေ

ပဋိပက္ခစီးပွားရေးကနေဖြစ်လာတဲ့ ဘဏ္ဍာဝင်ငွေတွေကြောင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ ကောင်းမွန်တဲ့အုပ်ချုပ်စီမံမှုစနစ်တွေ ဖြစ်မလာခဲ့ပါဘူး။ ဌာနေတိုင်းရင်းသားတွေ တန်ဖိုးထားရာ သရုပ်သကန် ကြန်အင်လက္ခဏာတွေလည်း လုံးပါးပါးနေပါပြီ။ ဒီလိုမျိုး ဆုတ်ယုတ်ကျဆင်းနေချိန်မှာ ပြည်သူတွေ တုံ့ပြန်ရင်ဆိုင်ကြပုံနဲ့ပတ်သက်ပြီး မြောက်ပိုင်းရှမ်းပြည်မှာ ‘Voice, Exit, Loyalty’ အသံပေး ကန့်ကွက်ကြတာ၊ ဒီဒေသကိုစွန့်ခွာပြီး ထွက်သွားကြတာ၊ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတာတွေကို သုံးသပ်ဖော်ပြခဲ့ပါတယ်။ ကရင်ပြည်နယ်မှာရော ဘယ်လိုတွေဖြစ်နေလဲ။ ဒီတပတ် “ISP နှင့်အတူ မိနစ် ၃၀” အစီအစဉ်မှာ ဆွေးနွေးတင်ပြပါမယ်။ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါရစေ။

October 18, 2025

“ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ …” – လူမှုစီးပွားဒဏ်ကို တောင့်ခံနေသည့် ပြည်သူများ

စစ်တမ်းမှာ ပါဝင်ဖြေဆိုသူအများစုဟာ ပေးစာကမ်းစာအကူအညီကိုပဲ မျှော်လင့်အားထားမနေပါဘူး။ အလုပ်အကိုင် လိုချင်ကြတယ်၊ ဝင်ငွေ ရချင်ကြတယ်၊ ဒါတွေရှိရင် သူတို့ ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြတာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် အင်စတီကျူးရှင်းတွေကြောင့် ဖြစ်လာရတဲ့ လူမှုဒုက္ခအဖုံဖုံကို ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေဟာ ပျော့ညံ့ခြင်းကို ပြသနေတာမဟုတ်၊ သူတို့ရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်စွမ်းနဲ့ ဂုဏ်မာနကို ဖော်ပြနေကြတာဖြစ်ပါတယ်။