ISP Products

Onpoint

See all

Insight Email

Data Gallery

Mapping

See all

ISP Multimedia Clips


4 Jun 2026

ငါးနှစ်အတွင်း တိုက်ပွဲပေါင်း နှစ်သောင်းနီးပါးဖြစ်ခဲ့တယ်

ဦးမင်းအောင်လှိုင်အစိုးရက ရက် (၁၀၀) စီမံကိန်းနဲ့အတူ ငြိမ်းချမ်းရေးနဲ့ နိုင်ငံစီးပွားရေး ပြန်လည်ထူထောင်ရေး အပါအဝင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မယ်လို့ ဆက်တိုက်ကြွေးကြော်လာပါတယ်။


27 Nov 2025

မြေရှားတင်ပို့မှု ထိပ်တန်းစာရင်းတွင် မြန်မာ ဆက်လက်ရပ်တည်

တရုတ်နိုင်ငံကို မြေရှားတင်သွင်းတဲ့နိုင်ငံတွေထဲ မြန်မာနိုင်ငံက ထိပ်တန်းစာရင်းမှာ ဆက်ပြီး ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံကို နိုင်ငံတကာကနေ တင်သွင်းတဲ့ မြေရှားသတ္တုတွေထဲက တဝက်ကျော်ဟာ မြန်မာနိုင်ငံက ဖြစ်ပါတယ်။


21 Nov 2025

မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုးဖော်ပြချက် ကွာဟမှု ပိုကြီးလာတယ်

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးဖော်ပြချက် ကွာဟမှုဟာ ဘဏ္ဍာနှစ် ရှစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံကျော်အထိ ရှိပါတယ်။ ဒါက တနိုင်ငံချင်းစီက ထုတ်ပြန်တဲ့ ကုန်သွယ်မှု စုစုပေါင်းတန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်ရာကနေ ပေါ်ထွက်လာတဲ့ ကိန်းဂဏန်း ဖြစ်ပါတယ်။ ဒီအထဲက ၄၅ ဘီလီယံကျော်ကကတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပမာဏပါ။ ဒီလိုကွာဟနေတာဟာ အာဏာသိမ်းမှုအလွန် တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့မှုတွေ မြင့်တက်လာတာ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်စပ်ထိန်းချုပ်မှု ကျယ်ပြန့်လာတာ၊ တရားမဝင် စီးပွားရေးကြီးထွားလာတာ ဒါတွေနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။


20 Nov 2025

တိုက်ပွဲများ လျော့လာမှု ရေရှည်လား၊ ခဏတာလား

သုတေသနပြု လေ့လာမှုတွေအရ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် တိုက်ပွဲတွေ သုံးပုံတပုံလောက် လျော့လာတာကို တွေ့ရပါတယ်။ အလားတူပဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ အရပ်သားသေဆုံးမှုတွေလည်း လျော့လာပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်တွေ ဆက်ရှိနေတုန်းပါပဲ။ အခုနှစ်ထဲမှာကိုပဲ စစ်ဘေးရှောင် ခုနစ်သိန်းနီးပါး တိုးလာခဲ့ပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုတွေကြောင့် တိုက်ပွဲတွေ ဆက်ပြီးလျော့မလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲကြောင့် စစ်ရေးအရှိန်တွေ ပြန်ပြင်းထန်မလးဆိုတာကိုတော့ စောင့်ကြည့်ရပါဦးမယ်။

ISP Publications

See all

Policy Editorial

30 Aug 2021

အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်၊ ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ချိန်ထိုးရမယ့် အညွှန်းစနစ်

အနှစ်ချုပ် အာဆီယံရဲ့ မြန်မာ့အရေး ဆောင်ရွက်မှုများအပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုက နည်းပါးပါတယ်။  ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူတွေကို စစ်ကောင်စီက ပစ်ခတ်ချေမှုန်းတာတွေ၊ ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ဒီဘက်နောက်ပိုင်း နှစ်ဖက်အပြန်အလှန်အကြမ်းဖက်မှုတွေကို ကြုံတွေ့နေရတဲ့ ပြည်သူအများစုဟာ ခါးသီးနာကျည်းမှုတွေ ပိုများနေတဲ့အတွက် လတ်တလောမှာ ကြားဝင် စေ့စပ်ရေး၊ ဆွေးနွေးဖြေရှင်းရေးတို့အတွက် အဆင်သင့်ဖြစ်သေးပုံ၊ ကြိုဆိုချင်သေးပုံ မရပါဘူး။ ဒီအချက်ကလည်း မြန်မာနိုင်ငံကို မကြာမီလာရောက်ပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမယ့် အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွက် စိန်ခေါ်မှုတရပ်ပဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကရော၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကပါ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်ကို နိုင်ငံရေးအရ အထူးသတိထားနေတာကြောင့် ဒီခရီးစဉ်ဟာ နိုင်ငံရေးရလဒ်ကြီးကြီးမားမား ချက်ချင်းထွက်ရေးထက် ယုံကြည်မှုတည်ဆောက်ရေးကိုပဲ ဦးစားပေးရမယ့် ခရီးစဉ် ဖြစ်ဖွယ်ရှိပါတယ်။ လက်ရှိအထူးကိုယ်စားလှယ်သက်တမ်းဟာ ၂၀၂၁ ခုနှစ် အကုန်ထိသာ တိုတောင်းပေမယ့် ရှုပ်ထွေးလှတဲ့ မြန်မာ့အကျပ်အတည်း ပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင်တော့ ရေရှည်အမြင်၊ အားထုတ်မှုနဲ့သာ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။ Download as PDF […]