မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၀၆)
နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့အတူ လူသားချင်းစာနာမှု အကျပ်အတည်း မြင့်မားတာနဲ့ ပြည်သူ့ ဝန်ဆောင်မှု ယန္တရားတွေ ရပ်ဆိုင်ပြီး အကျပ်အတည်း ပြင်းထန်သက်ရောက်မှု မြင့်မားတာတွေ ပိုများလာပါတယ်။ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခနဲ့ ပြင်းထန်သက်ရောက်မှု အခြေအနေတွေကို ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အပိုင်း (၂) အနေနဲ့ ဖော်ပြသွားပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။