မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၁၀)
တရုတ်နိုင်ငံကနေ တရားဝင်ပေးအပ်တဲ့အကူအညီတွေ ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်ပေါ်လာပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ISP-Myanmar ရဲ့ အခုတပတ် မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြ သွားမှာဖြစ်ပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။