မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၂၃)
စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူမှုစီးပွား အခြေအနေကို ISP-Myanmar ရဲ့ Research Network အစီအစဉ်ကနေ သုတေသနပြု စစ်တမ်းကောက်ယူ လေ့ လာခဲ့ပါတယ်။ စစ်တမ်းတွေ့ရှိချက်တွေကို အပိုင်းငါးပိုင်းခွဲပြီး ဖော်ပြသွားဖို့ ရှိပါတယ်။ ဒီတပတ် အပိုင်း-၃ အနေနဲ့ အခြေခံစားသောက်ကုန်ဝယ်ယူရေး အခက်အခဲတွေအကြောင်းကို တင်ပြပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။