မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၂၆)
မြန်မာနိုင်ငံရဲ့ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဟာ ခေတ်အဆက်ဆက်မှာ ညှိနှိုင်းရ အခက်ဆုံးကိစ္စ ဖြစ်ပါတယ်။ ဒီအရေးအတွက် အတိတ်မှာ ဘာတွေက အဟန့်အတားဖြစ်စေခဲ့သလဲ၊ အနာဂတ်မှာ ဘယ်လိုအကြောင်းအချက်တွေ ထည့်စဉ်းစားသင့်လဲဆိုတာဆိုတာကို ISP-Myanmar အနေနဲ့ အပိုင်းလိုက် ဖော်ပြဖို့ရှိပြီး ဒီတပတ်မှာ အပိုင်း-၁ ကို တင်ပြပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။