မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၃)
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နဲ့ ထိုင်းစစ်တပ်အကြား နယ်မြေအငြင်းပွားနေပါတယ်။ တပ်စခန်းတွေကို ဆုတ်ပေးဖို့လည်း ထိုင်းစစ်တပ်က တောင်းဆိုထားပါတယ်။ ISP-Myanmar ရဲ့ အခုတပတ်မြင်ကွင်းကျယ်မှတ်စု အစီအစဉ်မှာ ဒီအကြောင်းအရာကို လေ့လာဆန်းစစ် ဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။