မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၄)
မြန်မာ့လူမှုစီးပွားအခြေအနေတွေကို ဆန်းစစ်နိုင်ဖို့ နိုင်ငံ့သုံးပုံတပုံဖြစ်တဲ့ မြို့နယ် ၁၁၀ မှာ ISP- Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေပါတယ်။ ဒီလေ့လာမှုတွေရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ် တမ်းတရပ်ကိုလည်း နိုဝင်ဘာလတုန်းက ဖြန့်ချိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လကနေ ဩဂုတ်လ အတွင်း ရရှိတဲ့အချက်အလက်တွေကို အခြေခံထားတဲ့ အဲဒီစစ်တမ်းတွေ့ရှိချက်တွေကို အပိုင်းလိုက်ခွဲပြီး ဖော်ပြသွားဖို့ ရှိပါတယ်။ ဒီတပတ် အပိုင်း-၁ မှာတော့ ပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ ဒုက္ခတွေကို ဦးစွာတင်ပြသွားပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။