မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၅)
မြန်မာ့လူမှုစီးပွားအခြေအနေတွေကို ဆန်းစစ်နိုင်ဖို့ နိုင်ငံ့သုံးပုံတပုံဖြစ်တဲ့ မြို့နယ် ၁၁၀ မှာ ISP- Myanmar ရဲ့ သုတေသနကွန်ရက်က လေ့လာနေပါတယ်။ ဒီလေ့လာမှုတွေရဲ့ တစိတ်တပိုင်းဖြစ်တဲ့ စစ် တမ်းတရပ်ကိုလည်း နိုဝင်ဘာလတုန်းက ဖြန့်ချိခဲ့ပြီးပါပြီ။ ၂၀၂၄ ခုနှစ် မတ်လကနေ ဩဂုတ်လ အတွင်း ရရှိတဲ့အချက်အလက်တွေကို အခြေခံထားတဲ့ အဲဒီစစ်တမ်းတွေ့ရှိချက်တွေကို အပိုင်းလိုက်ခွဲပြီး ဖော်ပြနေတာမှာ ဒီတပတ် အပိုင်း-၂ မှာတော့ ကျန်းမာရေးကဏ္ဍကို တင်ပြပါမယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေး ဘောဂဗေဒဆိုင်ရာစတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။