မြင်ကွင်းကျယ်မှတ်စုများ | အမှတ် (၁၃၈)
၂၀၂၅ ခုနှစ် လွတ်လပ်ရေးနေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်တွေ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား နှစ်သောင်းဝန်းကျင်ကတော့ အကျဉ်းထောင်တွေထဲမှာ ရှိနေဆဲပါ။ ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့ အခုတပတ် ISP-Myanmarရဲ့ မြင်ကွင်းကျယ်မှတ်စုမှာ အချက်အလက် အခြေပြုပြီး ဖော်ပြထားပါတယ်။
ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ၊ တရုတ်အရေးလေ့လာမှုနဲ့ နိုင်ငံရေးဘောဂဗေဒဆိုင်ရာ ကိစ္စရပ်တွေအပြင် မြန်မာနိုင်ငံအတွင်းက လူမှုစီးပွားအခြေအနေတွေ စတဲ့ အကြောင်းခြင်းရာတွေ ပါဝင်မယ့် မြန်မာ့အရေး မြင်ကွင်းကျယ်မှတ်စုတွေကို အချက်အလက်အခြေပြု ရှုထောင့်ကနေ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က အပတ်စဉ် တင်ဆက်နေပါတယ်။ မြင်ကွင်းကျယ်မှတ်စု ရုပ်သံအစီအစဉ်ကို ဗွီအိုအေ မြန်မာဌာန (VOA Burmese) က အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်လွှင့်နေပါတယ်။