Photo – AFP
ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းခရိုင် ထိန်ချုံးမြို့မှ ကချင်ပြည်နယ်နယ်စပ် ကန်ပိုက်တီ၊ ထိုမှတဆင့် မြစ်ကြီးနားကိုဖြတ်ကာ လီဒိုလမ်းမအတိုင်း မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ချိတ်ဆက်မည့် အစီအမံဖြစ်သည်။ လမ်းပိုင်းပေါ်ရှိ ကန်ပိုက်တီ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်နှင့် မြစ်ကြီးနားစီးပွားဖွံ့ဖြိုးရေးဇုန် (နန်ကျင်စီးပွားရေးစက်မှုဇုန်)တို့ကို ဖော်ဆောင်ရန်လည်း ပြင်ဆင်နေသည်။ ထိုစီမံကိန်းများ ဖော်ဆောင်ရန် NLD အစိုးရလက်ထက်ကတည်းက သဘောတူထားခြင်းဖြစ်သည်။
➤ အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

ISP-M2025-110
ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီး
