အမှတ်-၁ အာရှအဝေးပြေးလမ်းမ၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို ယခုတိုင် ပိတ်ထားသည်။ လမ်းပိတ်မှုကြောင့် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတန်ဖိုးမှာ (၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလများကို နှိုင်းယှဉ်ချက်အရ) အမေရိကန်ဒေါ်လာ ၇၂၁ ဒသမ ၉၆ သန်းဝန်းကျင် လျော့ကျခဲ့သည်။ ကုန်စည်နှင့် သွားလာကူးသန်းရေးအတွက် ဒေါနတောင်ဖြတ်တောလမ်းကို အသုံးပြုနေရသည်။ မြဝတီ-ဘားအံလမ်းပိုင်းတွင် စစ်ကောင်စီပူးတွဲထိုင်ထားသော ဂိတ်စခန်းနှစ်ခုနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ဂိတ်စခန်းပေါင်း ၂၂ ခုထက်မနည်း ရှိသည်။
အပြည့်အစုံကို ကပြင်ရပ်ဝန်းစာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

ISP Mapping 97
အာရှလမ်းမကြီးပိတ်ထားပြီးနောက် နယ်စပ်ကုန်သွယ်ရေးအခြေအနေ