Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:FU-01, 26 Sep 2025 Flash Updates အာဏာဗဟိုချက်အနီးရောက်လာသော စတုတ္ထမျိုးဆက်ဝင် စစ်ဗိုလ်ချုပ်များ စစ်ဆင်ရေးတာဝန်ယူရသော စစ်ဗိုလ်ချုပ်များအားလုံးမှာ စတုတ္ထမျိုးဆက်တပ်မတော်၏ ဗိုလ်ချုပ်များ ဖြစ်လာကြသည်။ အသက်အရွယ်နှင့် အပတ်စဉ် များစွာငယ်သော ဗိုလ်ချုပ်များက စစ်ဆင်ရေးကွပ်ကဲမှုများကို တာဝန်ယူကြမည်ဖြစ်သဖြင့် နိုင်ငံတဝန်း စစ်ဆင်ရေးများအပေါ် သက်ရောက်မှုများ ရှိနိုင်သည်။
issue:ST-03, 10 Sep 2025 Tracker စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပွဲထုတ်ခံခဲ့ရသော စစ်တပ်၏ စတုတ္ထမျိုးဆက်သုံးဦး လိုက်ပါသွားသော စစ်ဘက်အရာရှိငါးဦးအနက် သုံးဦးသည် စစ်တပ်၏ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်သည်။ ၎င်းတို့အား တရုတ်နိုင်ငံသို့ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပွဲထုတ်ခဲ့ခြင်းကို ‘ဆွေပြမျိုးပြ’ မိတ်ဆက်ပေးခြင်းသဘောဟု သုံးသပ်နိုင်ပါသည်။
issue:27, 25 Aug 2025 ISP's OnPoint စတုတ္ထမျိုးဆက်‘တပ်မတော်’ဖြစ်နိုင်ခြေ – ပြည်တင်းတာကို နာတော်ခံမလား၊ ရှင်ကြီး ကျားထက် ပိုဆိုးမလား စစ်တပ်ဟာ သမိုင်းတွင်အောင် ရှုံးနိမ့်မှုတွေ ကြုံရတာ၊ လူကြိုက်များရေး ပေါ်ပြူလစ်ဇင်ကို ကြိုက်နှစ်သက်သလောက် စွမ်းဆောင်ရည် အားနည်းတာတွေက ဒီတတိယမျိုးဆက်ရဲ့ မြင်သာထင်သာလက္ခဏာတွေပဲ ဖြစ်ပါတယ်။