ISP Products

BOOK REVIEWS

7 Mar 2018

ရှင်ရင်ရွှေထီး

Golden Parasol A Daughter’s Memoir of Burma Chatto & Windus, 2013. Golden Parasol (ရှင်ရင်ရွှေထီး) စာအုပ်၏ ခေါင်းစဉ်ခွဲမှာ “ဗမာပြည်မှ သမီးတစ်ယောက်၏ ကိုယ်တွေ့မှတ်တမ်း”ဟု အမည်ပေးထားသော်လည်း ထို့ထက်များစွာ ပိုလွန်ပါသည်။ စာရေးသူ ဝင်ဒီလောရုံသည် စာဖတ်သူများအနေဖြင့် သူ၏ဖခင် အက်ဒွပ်လောရုံအပေါ် ပိုမိုနားလည် သဘောပေါက်စေနိုင်မည့် ခရီးတစ်ခုဆီသို့ ခေါ်ဆောင်သွားနိုင်ပေသည်။ ထို့အပြင် အကြောင်းအရာပေါင်းစုံ စုံလင်ကြွယ်ဝမှု၊ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံနိုင်မှုတို့ကြောင့် စာဖတ်ပရိသတ် အများစုကလည်း စိတ်ပါဝင်စားကြပါလိမ့်မည်။ ယင်းတို့အနက် စာဖတ်ပရိသတ်ကို ညှို့ယူဖမ်းအစားနိုင်ဆုံးမှာ ဗမာပြည်၏ စစ်ပြီးခေတ် သတင်းစာလုပ်ငန်း၊ ဦးနု ခေါင်းဆောင်သော ပြည်ပြေးလှုပ်ရှားမှုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းတို့၏ အကြောင်းများပင် ဖြစ်ပါသည်။ အက်ဒွပ်လောရုံ (၁၉၁၁-၁၉၈၀)၏ ဘဝတစ်လျှောက်တွင် လွတ်လပ်ရေးရပြီးခေတ် […]
16 Jul 2017

စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက်

မန်ဒီဆေဒန်၊ အယ်ဒီတာ၊ မြန်မာနယ်စပ်ဒေသများရှိ စစ်နှင့်ငြိမ်းချမ်းရေး ကချင် အပစ်အခတ်ရပ်စဲမှု (၁၉၉၄-၂၀၁၁) သုံးသပ်ချက် ၂၀၁၆၊ စာမျက်နှာ ၅၁၇။ ဒေးဗစ်စကော့မက်သီဆင် ၁ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရမှုက ကျယ်ကျယ်ပြန့်ပြန့်ကို ရှိနေတာပါ။ အရင်တုန်းက ရခဲ့တဲ့ ကချင် အပစ်အခတ်ရပ်စဲရေး အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ မန်ဒီဆေဒန်က တည်းဖြတ်ထားတဲ့ စာတမ်းစုဟာဆိုရင် ပယ်ပယ်နယ်နယ် အဝေဖန်ခံနေရတဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို လမ်းကြောင်းမှန်ပေါ် ပြန်လာဖို့ တွန်းအားပေးနေတဲ့ လက်ရှိ အားထုတ်မှုတွေအပေါ် ယုံကြည်မှု တိုးလာအောင် လုပ်ဖို့အတွက်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်များစွာ ရှည်ကြာနေပြီး အလွန်ခက်ခဲတဲ့အပြင် ပါဝင်သူ နှစ်ဘက်စလုံးကို ပျက်စီးစေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစေဖို့ ကြိုးစားအားထုတ်မှု အားလုံးအတွက် […]
16 Jul 2017

နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ

ဒေးဗစ်ဇေးဘလက်၊ ၂၀၀၆၊ နိုင်ငံတော် တည်ဆောက်ခြင်း၊ ဂျာမနီနှင့် အီတလီနိုင်ငံများ ထူထောင်ခြင်းနှင့် ဖက်ဒရယ်ဝါဒ ပဟေဠိ ၊ ပရင်စတန်။ အောက်စ်ဖို့ဒ်၊ ပရင်စတန်တက္ကသိုလ်ပုံနှိပ်တိုက်။ ကမ်မီလာဘူဇီ ၁ ဇေးဘလက်ရဲ့ ၂၀၀၆ ခုနှစ်ထုတ် စာတမ်းဟာ ၁၉ ရာစုအတွင်းမှာ ဂျာမနီနဲ့ အီတလီတို့ရဲ့ နိုင်ငံထူထောင်မှုတွေကို အပြိုင်လေ့လာမှု ပြုထားခြင်းဖြစ်ပြီး ဂျာမနီအနေနဲ့ ဖက်ဒရယ်နိုင်ငံ ဖြစ်လာချိန်မှာ အီတလီအနေနဲ့ ဘာကြောင့် ဖြစ်မလာရလဲဆိုတာကို စာတမ်းရှင်အနေနဲ့ လေ့လာထားချက် ဖြစ်ပါတယ်။ ၁၉ ရာစုဟာ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက တိုက်ကြီးတွေမှာ နိုင်ငံရေးမြေပုံတွေ အပြောင်းအလဲဖြစ်ခဲ့လို့ ကမ္ဘာ့သမိုင်းမှာ အရေးပါတဲ့ ဆုံမှတ်အဖြစ် မကြာခဏ ရှုမြင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ အဖွဲ့အစည်းမူဘောင်စုံလင်မှုတွေ အားကောင်းပြီး အမျိုးသားနိုင်ငံတွေ ပေါ်ထွက်လာတဲ့အချိန်လည်း ဖြစ်တယ်လို့ ဇေးဘလက်က […]
20 Jun 2017

အကြမ်းမဖက် တော်လှန်ရေးများ၊ အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း

အကြမ်းမဖက် တော်လှန်ရေးများ (အာဏာရှင်နိုင်ငံများရှိ ပြည်သူ့အာဏာ လှုပ်ရှားမှုများအကြောင်း) Unarmed Insurrections: People Power Movements in Nondemocracies. Kurt Schock. Minneapolis, MN:  The University of Minnesota Press, 2005. 228 Pages. အာကာဟိန်း ၁ ၁၉၈၀ ပြည့်နှစ်များ မတိုင်မီ အချိန်အထိ အကြမ်းမဖက် လှုပ်ရှားမှုဟု ဆိုလိုက်ရင် အများအားဖြင့် နိုင်ငံရေးအရ ရင့်ကျက်ပြီးနိုင်ငံများ တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံများ (ဥပမာ- ၁၉၆၀ တစ်ဝိုက်တွင် အမေရိကန်နိုင်ငံ၌ ပေါ်ပေါက်ခဲ့သော လူမည်းအခွင့်အရေး လှုပ်ရှားမှု) တွင်သာ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဆိုပြီး ပညာရှင်အများစုက အမှတ်သညာ ပြုကြသည်။ အခု လက်ရှိအချိန်အထိ သေနတ်ပြောင်းဝမှာရှိတဲ့ […]