Featured ကျောက်တော်မြို့နယ် အိန္ဒိယစျေးဗုံးကြဲခံရမှုအပါအဝင် အရပ်သားများ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ၁၁၅ ကြိမ်ထက်မနည်း ရှိလာ Tracker by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:ST2026-04, 31 Jul 2026 Tracker နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပြင်းထန်လာနိုင် ဦးမင်းအောင်လှိုင် သမ္မတတာဝန်ယူပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် ၎င်းတို့ အပြည့်အဝ မထိန်းချုပ်နိုင်သေးသော နယ်မြေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများရှိရာ ဒေသများကို ပြန်လည်ထိန်းချုပ်ရန် စစ်ဆင်ရေးများ ပြုလုပ်လာသည်။ အကျိုးဆက်အားဖြင့်တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော နယ်မြေများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းများရှိရာ ဒေသများတွင် စစ်ရေးပိုမိုပြင်းထန်လာနိုင်သည်။
issue:ST2026-03, 23 Apr 2026 Tracker လွှတ်တော်ကော်မတီအများစု၌ စစ်ခေါင်းဆောင်၏ လူယုံများ နေရာယူထား လွှတ်တော်ကော်မတီများသည် အုပ်စိုးသူများ၏ လုပ်ပိုင်ခွင့်နှင့် အာဏာကို ထိန်းကျောင်းရာ၌ အရေးပါသည်။ ထိုကော်မတီများရှိ ဥက္ကဋ္ဌနေရာတွင် လူယုံများကို နေရာပေးထားခြင်းဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ် လွှတ်တော်၏ ထိန်းကျောင်းနိုင်စွမ်းကို စစ်ခေါင်းဆောင်က သွယ်ဝိုက်ကန့်သတ်ထားမည့်သဘော ဆောင်ပါသည်။
issue:ST2026-02, 12 Mar 2026 Tracker အလုံးအရင်းဖြင့် အမှုပိတ်သိမ်းခြင်းကို လေးလအတွင်း နှစ်ကြိမ်လုပ်ခဲ့ စစ်ကော်မရှင်သည် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံရသူ ၅,၅၀၀ ကျော် (တိမ်းရှောင်နေသူများအပါအဝင်)ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် အမှုပိတ်သိမ်းခဲ့သည်။ ထိုနည်းတူ အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ခံရသူများအနက် ၁၂,၀၀၀ ကျော် (တိမ်းရှောင်နေသူများအပါအဝင်)ကိုလည်း ၂၀၂၆ ခုနှစ် မတ် ၂ ရက်တွင် အမှုပိတ်သိမ်းခဲ့သည်။
issue:ST2026-01, 22 Jan 2026 Tracker စစ်တပ်ထိပ်ပိုင်းတွင် စတုတ္ထမျိုးဆက်အရာရှိများ ဆက်တိုက်နေရာရလာ ဦး၊ ရေး၊ ထောက် (စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်) လုပ်ငန်းစဉ်အားလုံးကို ဦးဆောင်ရသော စစ်ဆင်ရေးအထူးအဖွဲ့မှူးများနှင့် အရာရှိချုပ်အားလုံးနီးပါးအပြင် စစ်တိုင်းမှူးများသည် စတုတ္ထမျိုးဆက်အရာရှိများ ဖြစ်လာကြသည်။
issue:ST-05, 17 Dec 2025 Tracker အာဏာသိမ်းမှုအလွန် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့ စစ်ဆင်ရေးဖော်ဆောင်မှုများကို အမိန့်ပေးကွပ်ကဲရသည့် တိုင်းစစ်ဌာနချုပ် ၁၄ ခု၏ တိုင်းမှူးများကို စစ်ခေါင်းဆောင်က မကြာခဏ ပြောင်းလဲလေ့ရှိသည်။ စစ်ရေးဆုံးရှုံးမှုကြောင့် တိုင်းမှူး ပြောင်းလဲမှုရှိသည့်အပြင် စစ်ရေးလှုပ်ရှားမှုနည်းသော တိုင်းစစ် ဌာနချုပ်များတွင်ပါ ပြောင်းလဲမှုများရှိခဲ့သည်။
issue:ST-04, 1 Dec 2025 Tracker AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်၊ စစ်ကော်မရှင်၏ ကပစစက်ရုံများကို သိမ်းနိုင်ရန် မလွယ်ကူသေး ရှမ်းမြောက်တွင် အပစ်အခတ်ရပ်စဲထားသော စစ်ကော်မရှင်သည် အနောက်ဘက်စစ်မျက်နှာတွင် ပိုမိုအင်အားထည့်လာသည်ကို တွေ့ရသည်။ AA အနေနှင့်လည်း စစ်ကော်မရှင်၏ စစ်ရှိန်မြှင့်လာမှုများအပြင် ရခိုင်ကမ်းရိုးတန်းဘက်တွင် စစ်ဆိုင်ထားရမှု၊ သိမ်းပိုက်ပြီးပါကလည်း ထိန်းချုပ်ထားရန် ခက်ခဲမှုများကြောင့် ကပစစက်ရုံများကို သိမ်းပိုက်အခြေချနိုင်ရန်မှာ မလွယ်ကူသည့် အနေအထားတွင် ရှိနေဆဲဖြစ်သည်။
issue:ST-03, 10 Sep 2025 Tracker စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံခရီးစဉ်တွင် ပွဲထုတ်ခံခဲ့ရသော စစ်တပ်၏ စတုတ္ထမျိုးဆက်သုံးဦး လိုက်ပါသွားသော စစ်ဘက်အရာရှိငါးဦးအနက် သုံးဦးသည် စစ်တပ်၏ စတုတ္ထမျိုးဆက် ထိပ်တန်းအရာရှိများ ဖြစ်လာနိုင်သည်။ ၎င်းတို့အား တရုတ်နိုင်ငံသို့ခေါ်သွားပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်၌ ပွဲထုတ်ခဲ့ခြင်းကို ‘ဆွေပြမျိုးပြ’ မိတ်ဆက်ပေးခြင်းသဘောဟု သုံးသပ်နိုင်ပါသည်။
issue:ST-02, 21 Aug 2025 Tracker အပြောင်းအလဲ ၂၃ ကြိမ်နှင့် စစ်ကောင်စီတခန်းရပ် လေးနှစ်ကျော်အတွင်း စစ်ကောင်စီတွင် ပါဝင်ခဲ့ဖူးသူ ၃၃ ဦးရှိခဲ့သည်။ ထိုအထဲက ဗိုလ်ချုပ်ကြီးသုံးဦးနှင့် အရပ်သားကောင်စီဝင် ၁၄ ဦးမှာ ကောင်စီဝင်အဖြစ်ကနေ ဖယ်ရှားခံခဲ့ရသည်။
issue:ST-01, 23 Jul 2025 Tracker အက်ကြောင်းပိုနက်လာသော ချင်းတော်လှန်ရေးတပ်ဖွဲ့များ ချင်းတပ်ဖွဲ့များအတွက် ရင်းမြစ်အခက်အခဲ ပိုဆိုးစေမည့်အပြင် ချင်းဘုံရည်မှန်းချက် (Collective Goals for Chin) တည်ဆောက်ရေးအတွက်ပါ အဟန့်အတား ဖြစ်နိုင်ခြေရှိသည်။