Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
31 Dec 2025 Special Features ၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး ISP Column ဆောင်းပါး ၁၀ ပုဒ် ISP Column ကဏ္ဍဟာ လူထုတွေအကြားက ဉာဏ်လှိုင်းခတ်ဆင်ခြင်သံတွေကို ထင်ဟပ်ဖော်ပြနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ခဲ့တဲ့ စာမျက်နှာတခုဖြစ်ပါတယ်။ ရည်ရွယ်ထားသလိုပဲ လူထုတွေ၊ အထူးသဖြင့် စစ်ဒဏ်သင့်နယ်မြေအတွင်းက အခြေအနေတွေအကြောင်း ရေးသားပေးပို့လာမှုတွေ အများအပြားရှိခဲ့ပြီး Column အဖွဲ့က စိစစ်ထုတ်ဝေခဲ့ပါတယ်။
30 Dec 2025 Special Features ၂၀၂၅ ခုနှစ်အတွင်း ISP-Myanmar ပရိသတ်များ၏ စိတ်အတွေ့ဆုံး အကြောင်းအရာ ၁၀ ခု ၂၀၂၅ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ကြရတာတွေနဲ့ပတ်သက်ပြီး ISP-Myanmar ရဲ့ သုတေသနတွေ့ရှိချက်၊ အကဲဖြတ်ချက်တွေထဲက ပရိသတ်တွေ စိတ်တွေ့ခဲ့တာတွေကို ပြန်ပြောပြချင်ပါတယ်။ ISP-Myanmar အနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း မြန်မာ့အရေး သုတေသနအခြေပြု ထုတ်ဝေမှု ၅၇၁ ခု ပြုလုပ်ခဲ့ပါတယ်။
issue:V03N01, 17 Jan 2025 Insight Email မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ်အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ် မြန်မာ – ထိုင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ အာရှလမ်းမကြီး ပြန်ဖွင့်နိုင်ရေး ထိုင်းနိုင်ငံဘက်က ကြိုးပမ်းလာတဲ့အပေါ် ဆန်းစစ်ခဲ့တဲ့ ‘မြန်မာ့ပဋိပက္ခ၏ နိုင်ငံရေးဘောဂဗေဒ – စီးပွားမက်လုံးအပေါ် အခြေခံသော ပဋိပက္ခအရှိန်လျှော့ချခြင်း၏ အကျိုးအပြစ်’ ကိုလည်း ပရိသတ်တွေ အဖတ်များခဲ့ပါတယ်။
issue:V03N01, 17 Jan 2025 Insight Email အနာဂတ်ဖက်ဒရယ်တပ်မတော် ဘယ်လိုရှိမလဲ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းမှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ များပြားလာပါတယ်။ ISP-Myanmar က သုတေသနပြု လေ့လာခဲ့ပြီး နည်းနာပိုင်းအရ အတည်ပြုနိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀ ကျော်ရှိပါတယ်။
issue:V03N01, 17 Jan 2025 Insight Email နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည် ISP-Myanmar ရဲ့ သုတေသနကွန်ရက် (ISP Research Network) အစီအစဉ်ကနေ နိုင်ငံအနှံ့မြို့နယ်ပေါင်း ၁၁၀ (မြို့နယ် စုစုပေါင်းရဲ့ သုံးပုံတပုံ)မှာ အချက်အလက်တွေ ရယူပြီး လူမှုစီးပွားသုတေသန လေ့လာမှုတွေကို လုပ်နေပါတယ်။
issue:V03N01, 17 Jan 2025 Insight Email တရုတ်နည်းတရုတ်ဟန် ဆန်ရှင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေထဲက ၁၄ ခုထက်မနည်းကို တရုတ်အစိုးရက ပိတ်ခဲ့ပါတယ်။ တချိန်တည်းမှာလည်း မြန်မာ-တရုတ်နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေအပေါ် ‘ဖြတ်ငါးဖြတ်’မူကျင့်သုံးပြီး ဖိအားပေးပါတယ်။
issue:V03N01, 17 Jan 2025 Insight Email စကားပြောသောဒေတာ – မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင်တင်ပြခြင်း ၂၀၂၄ ခုနှစ်မှာလုပ်ခဲ့တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ (30 Minutes with the ISP) အစီအစဉ်တွေမှာ အကြောင်းအရာခြောက်ခုကို ဆွေးနွေးခဲ့ကြပါတယ်။ ‘စကားပြောသောဒေတာ-မြန်မာ့ပဋိပက္ခနှင့် လူမှုဒုက္ခကို လက်ဆုပ်လက်ကိုင် တင်ပြခြင်း’ ဆွေးနွေးချက်တွေက ကြည့်ရှုသူ အများဆုံးဖြစ်ခဲ့ပါတယ်။
issue:V03N01, 17 Jan 2025 Insight Email မင်းပျိုမင်းလွင်များ စန်းထချိန် တော်လှန်ရေးလက်နက်ကိုင် လူငယ်မျိုးဆက်တွေအကြောင်းကို ‘မင်းပျိုမင်းလွင်များ စန်းထချိန်’ဆိုပြီး ISP-Myanmar က သုတေသနပြု လေ့လာနေပါတယ်။ ‘၀’နယ်က လူငယ်မျက်နှာသစ်ခေါင်းဆောင်တွေ၊ ‘ငတပါးမင်း’တို့ခေတ်လို့ဆိုရမယ့် တအန်း(ပလောင်) မျိုးဆက်တွေအကြောင်း ဖော်ပြခဲ့ပြီး ပရိသတ်တွေ အဖတ်များခဲ့ကြပါတယ်။
issue:V03N01, 17 Jan 2025 Insight Email ဘေးနှစ်သွယ် အမြွှာဆင့်ချိန် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့လူဦးရေရဲ့ ၅ ဒသမ ၆ သန်းကျော် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးမြေဧရိယာ ၂၄ ရာခိုင်နှုန်းနီးပါး ရေလွှမ်းမိုးခံခဲ့ရပါတယ်။ ဒါက ဥတုကပ်ဘေး ရိုက်ခတ်မှုရဲ့ တစိတ်တပိုင်းမျှသာ ဖြစ်ပါတယ်။
issue:V03N01, 17 Jan 2025 Insight Email လုပ်ငန်းစဉ်ဗျူဟာ လိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း ISP OnPoint တပုဒ်ဖြစ်တဲ့ ‘လုပ်ငန်းစဉ်ဗျူဟာ လိုအပ်နေသော မြန်မာ့အကျပ်အတည်းနှင့် စိနသံခင်းတမန်ခင်း’ကို ဖတ်ရှုသူက တတိယအများဆုံးပါပဲ။
issue:V03N01, 17 Jan 2025 Insight Email တရုတ်-မြန်မာဆက်ဆံရေးအပေါ်မြန်မာ့လူကျော်လူမော်များ၏အမြင် တရုတ်-မြန်မာဆက်ဆံရေးအပေါ် အခြေခံတဲ့ တရုတ်ရေးရာ သုတေသနလေ့လာမှုတွေကို ISP-Myanmar က စဉ်ဆက်မပြတ် လုပ်ဆောင်နေပါတယ်။
issue:V03N01, 17 Jan 2025 Insight Email နေပြည်တော်လိုဂျီ နေပြည်တော်မှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ကောင်စီရဲ့ အရွေ့တွေကို သိနိုင်ဖို့ ‘နေပြည်တော်လိုဂျီ’ဆိုပြီး ISP-Myanmar က သုတေသနပြု လေ့လာနေပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ‘နေပြည်တော်လိုဂျီ’သုံးပုဒ်ကို ရေးခဲ့ပါတယ်။
28 Dec 2023 News ၂၀၂၃ ခုနစ် အတွင်း ISP-Myanmar ၏ လူဖတ်အများဆုံး အကြောင်းအရာ ၁၀ ခု ၂၀၂၃ ခုနစ် အတွင်းမှာ ISP-Myanmar စာဖတ်ပရိတ်သတ်တွေရဲ့ အာရုံကို အဆွဲဆောင်နိုင်ဆုံး ဆောင်းပါး ဆယ်ခု ကို ပြန်လည် ရွေးထုတ်တင်ပြပြီး တင်ပြလိုက်ရပါတယ်။
22 Sep 2023 News ISP ကပြင်ရပ်ဝန်း တနှစ်ပြည့် ISP-Myanmar က ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှာ စတင်ခဲ့တဲ့ “ကပြင်ရပ်ဝန်း”ဟာ ဒီကနေ့မှာ တနှစ်ပြည့်ခဲ့ပါပြီ။ ISP ကပြင်ရပ်ဝန်းမှာ ချိတ်ဆက် လျှောက်ထား ပါဝင်ခဲ့ကြတဲ့ ရပ်ဝန်းသူ ရပ်ဝန်းသား ၁၁,၁၂၄ ဦး ရှိလာပါတယ်။
28 Feb 2023 ISP Clips မြေအုတ်တို့ ပြိုလေရာ… စစ်အာဏာသိမ်းမှုအလွန် အဓိကဆုတ်ယုတ်မှု ခုနစ်ရပ်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက် အလင်းတန်းတခုကို ISP-Myanmar က ‘မြေအုတ်တို့ပြိုလေရာ’ ဆိုတဲ့ အမည်နဲ့ အပိုင်း သုံးပိုင်းခွဲပြီး တင်ဆက်သွားပါမယ်။ အခုတပတ်မှာတော့ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံဖြတ်ကျော်မှုခင်းကဏ္ဍတွေမှာ ဆုတ်ယုတ်ခဲ့တာတွေနဲ့ အနာဂတ်မျှော်လင့်ချက်အလင်းတန်းတခုကို ပြောပြသွားပါမယ်။