Latest မန္တလေး-မူဆယ်လမ်းမကြီး၏ ၄၄ ဒသမ ၄ ရာခိုင်နှုန်းကို စစ်ကော်မရှင် ပြန်ထိန်းချုပ် ISP Mapping by ISP Admin
Featured “ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ …” – လူမှုစီးပွားဒဏ်ကို တောင့်ခံနေသည့် ပြည်သူများ by ISP Admin
issue:115, 14 Oct 2025 ISP Mapping မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုကို EAOs များ ထိန်းချုပ်ထား မြန်မာ-ထိုင်းနယ်စပ်တွင် တရားဝင်ကုန်သွယ်ရေးစခန်း ခုနစ်ခုရှိပြီး ထိုထဲမှ မယ်စဲ့နှင့် ထီးခီး စခန်းနှစ်ခုကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) တို့က ထိန်းချုပ်ထားသည်။
issue:110, 19 Sep 2025 ISP Mapping ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီး ကန်ပိုက်တီ-မြစ်ကြီးနား-ပန်ဆောင် အဝေးပြေးလမ်းမကြီးသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်စန်းခရိုင် ထိန်ချုံးမြို့မှ ကချင်ပြည်နယ်နယ်စပ် ကန်ပိုက်တီ၊ ထိုမှတဆင့် မြစ်ကြီးနားကိုဖြတ်ကာ လီဒိုလမ်းမအတိုင်း မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ချိတ်ဆက်မည့် အစီအမံဖြစ်သည်။
issue:SB-003, 18 Sep 2025 Situation Brief လီဒိုလမ်းမကြီးကတဆင့် ဒေသတွင်းချိတ်ဆက်ရေး တရုတ်နိုင်ငံ ပြင်ဆင် လီဒိုလမ်းမကြီး ပြင်ဆင်ရေးအတွက် စစ်ကော်မရှင်ကို အိန္ဒိယနိုင်ငံဘက်က ကမ်းလှမ်းမှုများ ရှိခဲ့ပါသည်။ ထို့ကြောင့် ယခု လက်မှတ်ရေးထိုးမှုသည် အဆိုပါလမ်းကြောင်းကို အိန္ဒိယနိုင်ငံက ဝင်ရောက်မလုပ်ကိုင်မီ တရုတ်နိုင်ငံက လက်ဦးမှုယူလိုသည့်သဘောဟုလည်း ဆိုနိုင်ပါသည်။
issue:PET-01, 17 Sep 2025 Tracker စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဥ်၌ နားလည်မှုစာချွန်လွှာခုနစ်ခု လက်မှတ်ထိုးခဲ့ လက်မှတ်ထိုးခဲ့သည်များအနက် နှစ်ခုမှာ အကောင်အထည်ဖော်ရန် စိန်ခေါ်မှုရှိသည်။ ကျန်ငါးခုမှာ စီးပွားရေးအကျိုးအမြတ် နည်းနိုင်သည်။ သို့သော် ကုန်သွယ်စီးပွား လုပ်ငန်းပရောဂျက်များအပေါ် အခြေခံပြီး ပဋိပက္ခအရှိန်လျှော့ချရေး တရုတ်အစိုးရ၏ ကြိုးပမ်းမှုများအပေါ် တနည်းတဖုံ သက်ရောက်မှုရှိနိုင်သည်။
issue:146, 23 Jul 2025 ISP Clips တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် လူကျော်လူမော်တို့ရဲ့ အမြင် မြန်မာ့မူဝါဒ အသိုက်အဝန်းမှာရှိကြတဲ့ လူကျော်လူမော်တွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ဘယ်လိုရှုမြင်ကြပါသလဲ။ ဘယ်လို သဘောပေါက်နေကြပါသလဲ။ ဒါတွေကို သိနိုင်ဖို့ ISP-Myanmar အနေနဲ့ သဘောထားစစ်တမ်းကို နှစ်စဉ်ကောက်ယူခဲ့တာမှာ အခုဆို သုံးကြိမ်တိုင်ခဲ့ပါပြီ။ ဒီစစ်တမ်းမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးနဲ့ စီးပွားရေးနယ်ပယ်က ပုဂ္ဂိုလ်ကျော်တွေအပြင် လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားပြုသူတွေကိုလည်း မေးမြန်းထားပါတယ်။
8 Jul 2025 30 Minutes with the ISP ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ‘သင်္ဂဟတရား’နဲ့အညီ ကူညီခဲ့သလို အခုလို သတ္တုတူးဖော်ရေးကဏ္ဍမှာ အဆင့်မြင့်မားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ကျင့်ကြံကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် နှစ်ဖက်အကျိုး မျှတစေပါလိမ့်မယ်။
4 Jul 2025 Reports မြေရှားသတ္တု၏ တန်ဖိုး – စစ်မီးအလယ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှုများ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပါတယ်။
1 Jul 2025 ISP Survey တရုတ်-မြန်မာဆက်ဆံရေးအပေါ် မြန်မာ့မူဝါဒအသိုက်အဝန်း၏ သဘောထားအမြင်စစ်တမ်း (၂၀၂၄) တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနှင့် လုံခြုံရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို အများစုက ဖြေဆိုခဲ့ခြင်းပင်ဖြစ်သည်။
1 Jul 2025 ISP Survey တရုတ်နည်းပညာသုံး မိုဘိုင်းဖုန်းများ၊ အက်ပလီကေးရှင်းများနှင့် လုံခြုံရေးဆိုင်ရာ အီလက်ထရောနစ်ပစ္စည်းများ သုံးစွဲမှုအပေါ် အမြင်များ တရုတ်ကုမ္ပဏီထုတ် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာပစ္စည်းများကို အသုံးမပြုကြောင်း စစ်တမ်းဖြေသူ ၂၈ ရာခိုင်နှုန်းက ဆိုပါသည်။
1 Jul 2025 ISP Survey တရုတ်နိုင်ငံ၏ ဆွဲဆောင်မှုကိုအသုံးပြုသော အာဏာဩဇာအပေါ် အမြင်များ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပေးအပ်ခဲ့သော ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများသည် အကျိုးမရှိကြောင်းဖြေဆိုသူ ၅၅ ရာခိုင်နှုန်းရှိသည်။ အကျိုးရှိသည်ဟုဖြေဆိုသူမှာ ၄၀ ရာခိုင်နှုန်းရှိပါသည်။
1 Jul 2025 ISP Survey မြန်မာကတဆင့် တရုတ်၏ဒေသတွင်းအစီအမံအပေါ် အမြင်များ အသိုက်အဝန်းခြောက်ခု၏ရလဒ်များကို နှိုင်းယှဉ်ပိုင်းခြားရာတွင် ဒေသတွင်း၌ တရုတ်ဦးဆောင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအခင်းအကျင်းတရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်ကြောင်း အသိုက် အဝန်းတခုချင်းစီ၏ အများစုက ယူဆကြသည်။
1 Jul 2025 ISP Survey တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) အပေါ် အမြင်များ အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ရာတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) သည် မြန်မာပြည်သူများ၏ လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိသည်ဟု အသိုက်အဝန်းအားလုံး၏ အများစုက ယူဆကြသည်။
1 Jul 2025 ISP Survey တရုတ်-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ဆက်ဆံရေးအပေါ် အမြင်များ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်စစ်တမ်းများနှင့် နှိုင်းယှဥ်ပါက တရုတ်နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများသည် မြန်မာပြည်သူများအပေါ် လုံးဝအကျိုးမရှိပါဟု ဖြေဆိုသူဦးရေမှာ နှစ်စဉ်တိုးလာသည်ကို တွေ့ရသည်။
1 Jul 2025 ISP Survey မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ စစ်တမ်းဖြေဆိုခဲ့သည့် မူဝါဒအသိုက်အဝန်းတခုချင်းစီ၏ ရလဒ်များအား နှိုင်းယှဥ်ကြည့်ရာ တရုတ်အကျိုးစီးပွားတည်ရှိသည့် နယ်မြေတည်ငြိမ်ရေးကိုသာ ဦးစားပေးသည်ဟု အစုအဖွဲ့အားလုံးက ယူဆကြသည်။
1 Jul 2025 ISP Survey မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွင် တရုတ်နိုင်ငံ၏ပါဝင်မှုအပေါ် အမြင်များ စစ်တမ်းဖြေဆိုခဲ့သော အသိုက်အဝန်းခြောက်ခု၏ အဖြေများကို နှိုင်းယှဥ်ကြည့်ရာတွင် တရုတ်နိုင်ငံနှင့် စစ်ကောင်စီအကြား ဆက်ဆံရေးကောင်းမွန်ကြောင်း အများဆုံးဖြေဆိုသူများမှာ EAOs များနှင့် နိုင်ငံရေးအသိုက်အဝန်းတို့ ဖြစ်ကြသည်။