Featured လုံခြုံရေး၊ စီးပွားရေးနှင့် ဩဇာလွှမ်းမိုးမှု – မြန်မာအပေါ် တရုတ်နှင့် အိန္ဒိယတို့၏ ချဉ်းကပ်ပုံ ကွဲပြားချက်များ ISP's OnPoint by ISP Admin
Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
19 May 2026 Policy Brief ကရင်ပြည်နယ်အတွင်း ပဋိပက္ခစီးပွားရေးနှင့် ဆန်းစစ်ချက် လက်ရှိမှာ တဖက်ဖက်က အပြတ်မနိုင်တော့တဲ့၊ ဘယ်သူမှ ယတိပြတ် မရှုံးနိုင်တော့ဘူး (stalemate) ဆိုတဲ့အဆင့်ကို ရောက်နေပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးက ကိုယ့်ရဲ့ရပ်တည်မှုကို ခိုင်မာအောင် ကြိုးစားနေမှာဖြစ်လို့ တိုက်ပွဲတွေ ဆက်ပြီး ရှည်ကြာနေဦးမယ့် အလားအလာမျိုး တွေ့ရပါတယ်။
issue:M2026_020, 19 May 2026 ISP Mapping အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းများ ဆက်လက်တည်ရှိနေ ရွှေ့ပြောင်းသွားသည့် ကျားဖြန့်လုပ်ငန်းများကို မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ KNA နှင့် DKBA ထိန်းချုပ်နယ်မြေများအတွင်း တွေ့ရှိရသည်။
issue:M2026_019, 19 May 2026 ISP Mapping KNU/KNLA တပ်မဟာနယ်မြေများရှိ သတ္တုတွင်းများ တပ်မဟာ ၅ နယ်မြေတွင် ရွှေတွင်းများ၊ တပ်မဟာ ၆ နယ်မြေတွင် ခနောက်စိမ်းတွင်းများနှင့် တပ်မဟာ ၇ နယ်မြေတွင် ဂေါဒန်ကျောက်တွင်းများ တွေ့ရှိရသည်။
issue:M2026_018, 19 May 2026 ISP Mapping ပင်မကုန်သွယ်ရေးလမ်းကြောင်းအများစုကို မြန်မာစစ်တပ် ပြန်လည်ထိန်းချုပ်ထား အမှတ်-၁ အာရှလမ်းမကြီး (ကရင်ပြည်နယ်အတွင်းဖြတ်သန်းမှု ၁၆၉ ကီလိုမီတာဝန်းကျင်)ကို အပိုင်းလိုက်ခွဲကြည့်ပါက ငါးပိုင်းရှိသည့်အနက် လေးပိုင်းကို မြန်မာစစ်တပ်က ထိန်းချုပ်ထားသည်။
5 May 2026 30 Minutes with the ISP ပဋိပက္ခစီးပွားရေး၏ ရိုက်ခတ်မှု – အနေမနီး မစုစည်းနိုင်တော့တဲ့ ဖားစည်မြေ တော်လှန်ရေးစတင်ခဲ့ပြီးနောက် ဆယ်စုနှစ်ရှစ်ခုအကြာမှာတော့ ပဋိပက္ခစီးပွားရေးကြောင့် ကိုယ်ပိုင်ကြန်အင်လက္ခဏာတွေကို ပြန်ဖျက်ဆီးကြသလို ဖြစ်နေပါပြီ။ လုယူဖျက်ဆီး ခေါင်းပုံဖြတ်တတ်တဲ့ စနစ်ကြီးတခုကို ကြုံတွေ့လာရတာပါ။
23 Apr 2026 30 Minutes with the ISP ပဋိပက္ခစီးပွားရေး၏ရိုက်ခတ်မှု – ရှမ်းမြောက်ဒဏ်ရာနှင့် ရုန်းကန်ရှင်သန်ရခြင်း လူတွေဟာ အခုလို ဆိုးရွားတဲ့အခြေအနေတွေကြုံရရင် မကျေနပ်ကြောင်း ဖော်ပြကြပါတယ်။ အသံပေးကန့်ကွက်ကြပါတယ်။ ဖြစ်မလာတဲ့အခါ ဒီဒေသကို စွန့်ခွာပြီး ထွက်သွားကြတော့တာပါပဲ။ အဲဒီလိုမှ မဟုတ်ရင်တော့ ကြိတ်မှိတ်မျိုသိပ် အံဝင်အောင် နေလိုက်ကြရတော့တာပါပဲ။ ချဉ်ဖတ်အိုးထဲကျတဲ့ ဟင်းသီးဟင်းရွက်တွေလို သူလည်းချဉ်ပြီး ရရစားစား၊ ငွေနောက်လိုက်၊ အလုပ် ဖြစ်အောင် လုပ်နေကြရပါတော့တယ်။
issue:SoM2026, 15 Jan 2026 State of Myanmar မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) မြန်မာ့အရေးမှာ ဖက်ဒရယ်ဒီမိုကရေစီဘက်ရှေးရှုတဲ့ အပြောင်းအလဲကို လိုလားဖော်ဆောင်လိုတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအင်အားစုတွေအနေနဲ့ ၂၀၂၆ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် ဦးတည်လမ်းကြောင်းသုံးခုကို မဟာဗျူဟာအကဲဖြတ်ချက်နဲ့ စောင့်ကြည့်ပြင်ဆင်မှု လုပ်ဆောင်သင့်ပါတယ်။
issue:PET-03, 26 Nov 2025 Tracker ၂၀၂၅ ခုနှစ် ကိုးလအတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရှိခဲ့ ကမ္ဘာ့မြေရှားတူးဖော်မှုတွင် မြန်မာနိုင်ငံက အဓိကပါဝင်သူအဖြစ် ဆက်ရှိနေသည်။ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘာ့မြေရှားထုတ်လုပ်မှုတွင် တရုတ်နိုင်ငံက ၆၁ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး မြန်မာနိုင်ငံက ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ ၂၀၂၅ ခုနှစ် ကိုးလအတွင်း မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု လျော့ကျခဲ့သော်လည်း တည်ငြိမ်စိတ်ချရသည့် မြေရှားထောက်ပံ့ရေးကွင်းဆက်ကို တရုတ်နိုင်ငံက ရှာဖွေနေသဖြင့် မြန်မာနိုင်ငံတွင် မြေရှားတူးဖော်မှု ပိုများလာနိုင်သည်။
issue:SB-004, 1 Oct 2025 Situation Brief ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့် စစ်စီးပွားရေးမျက်နှာစာ အမှတ်-၁ စစ်ဒေသအောက်တွင်ရှိသော တပ်ဖွဲ့များ၏ စစ်ရေးအောင်မြင်မှုဖြစ်သည်။ ထို့အပြင် တော်လှန်ရေးတပ်များ၏ ဘဏ္ဍာတိုက်ကို ဝင်ငွေ ဖြည့်တင်းပေးနိုင်မည့် သတ္တုနယ်မြေနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းပိုင်းကိုပါ တိုးချဲ့ ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်။
issue:GT2025-02, 25 Sep 2025 Tracker KIO အတွက် အခွင့်အလမ်းနှင့် စိန်ခေါ်မှုကို ဒွန်တွဲယူလာသော မြေရှားသတ္တုသိုက် ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ မြေရှားတင်ပို့မှု စံချိန်တင် လျော့ကျခဲ့ပြီးနောက် KIO အပေါ် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိခဲ့ပြီး KIO ၏ သယံဇာတအုပ်ချုပ်မှု (Resource Governance) မှာ နိုင်ငံရေးညှိနှိုင်းမှုနှင့် အာဏာထိန်းချုပ်ရေးအတွက် အရေးပါလာခဲ့သည်။
8 Jul 2025 30 Minutes with the ISP ဗျူဟာမြောက်သတ္တုနောက်ကွယ်က ကပ်ဘေးသင့်ပြည်သူများ အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံဟာ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ‘သင်္ဂဟတရား’နဲ့အညီ ကူညီခဲ့သလို အခုလို သတ္တုတူးဖော်ရေးကဏ္ဍမှာ အဆင့်မြင့်မားတဲ့ စံချိန်စံညွှန်းတွေနဲ့အညီ ကျင့်ကြံကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် နှစ်ဖက်အကျိုး မျှတစေပါလိမ့်မယ်။
4 Jul 2025 Reports • RESEARCH မြေရှားသတ္တု၏ တန်ဖိုး – စစ်မီးအလယ်က မြန်မာ့မြေရှားသတ္တု တူးဖော်မှုများ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ ရှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် မြေရှားသတ္တုကုန်ကြမ်း တင်သွင်းရာ အဓိကပြည်ပရင်းမြစ် ဖြစ်လာခဲ့ပါတယ်။ မြန်မာကနေ တင်ပို့တဲ့ မြေရှားသတ္တုတွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော် ရှိခဲ့ပါတယ်။
issue:102, 24 Jun 2025 ISP Mapping ဒေသတွင်းမြစ်ချောင်းများအပေါ် မြေရှားသတ္တုလုပ်ကွက်များ၏ အန္တရာယ် ချီဖွေမြို့နယ်အတွင်း မြေရှားသတ္တုလုပ်ကွက်များ တိုးချဲ့လာမှုကြောင့် မြန်မာနိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သော ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မေခမြစ်အပါအဝင် အခြားဒေသတွင်း မြစ်ချောင်းများကို အန္တရာယ်ပြုနေသည်။
issue:101, 24 Jun 2025 ISP Mapping မြေရှားသတ္တု ဖြတ်သန်းတင်ပို့ရာ နယ်စပ်ဂိတ်များ ချီဖွေမြို့နယ်မှ တူးဖော်ရရှိသော မြေရှားသတ္တုများကို ပန်ဝါ၊ ဖီမော်၊ ကန်ဖန်ဂိတ်များနှင့် ကန်ပိုက်တီကုန်သွယ်ရေးစခန်းမှတဆင့် တရုတ်နိုင်ငံ ထိန်ချုံးဒေသသို့ တင်ပို့သည်။
issue:93, 30 Apr 2025 ISP Mapping အာဏာသိမ်းကာလအတွင်း ကချင်ပြည်နယ်တွင် မြေရှားလုပ်ကွက် ၂၄၅ ခုတိုးလာ ၂၀၂၁ ခုနှစ်မတိုင်မီ ကချင်ပြည်နယ်တွင် မြေရှားတူးဖော်သည့် လုပ်ကွက်ပေါင်း ၁၂၆ ခုဝန်းကျင်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းတွင် ၃၇၁ ခုထက်မနည်း ရှိလာခဲ့ရာ ၂၄၅ ခုတိုးလာခြင်းဖြစ်သည်။