Featured မြန်မာ့အခြေပြစစ်တမ်း (State of Myanmar) – ISP-Myanmar ၏ မဟာဗျူဟာဆန်းစစ်ချက်နှင့် ဦးတည်လမ်းကြောင်းလားရာများ(၂၀၂၅-၂၀၂၆) State of Myanmar by ISP Admin
issue:83, 20 Jan 2025 ISP Mapping နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုနှင့် ဆက်စပ်အခြေအနေ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ကုန်သွယ်နေသော နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိသည်။ ၎င်းတို့အနက် ခုနစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ (EAOs) နှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
issue:81, 20 Jan 2025 ISP Mapping တရုတ်နယ်စပ်ရှိ ကုန်သွယ်စခန်းလေးခုကို EAOs များ ထိန်းချုပ် မြန်မာ-တရုတ်နယ်စပ်တွင် တရားဝင်ကုန်သွယ်ရေးစခန်း ငါးခုရှိသည့်အနက် လေးခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) များက ထိန်းချုပ်ထားသည်။
issue:64, 19 Aug 2024 ISP Mapping တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းနှင့် ဂိတ် ခြောက်ခုကို EAOs များ ထိန်းချုပ်ထား မြန်မာ-တရုတ်နယ်စပ််ရှိ တရားဝင်ကုန်သွယ်ရေးစခန်းနှင့် ဂိတ် ရှစ်ခုအနက် ခြောက်ခုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) များက ထိန်းချုပ်ထားသည်
issue:63, 19 Aug 2024 ISP Mapping ရခိုင်ပြည်နယ်ရှိ တရုတ်စီမံကိန်း ကိုးခုကို AA က တစိတ်တပိုင်းထိန်းချုပ်ထား ရခိုင်ပြည်နယ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ကိုးခုကို (၂၀၂၄ ခုနှစ် သြဂုတ် ၁၈ ရက်အထိ) အာရက္ခတပ်တော် (AA) က တစိတ်တပိုင်း ထိန်းချုပ်ထားသည်။
issue:62, 19 Aug 2024 ISP Mapping ရှမ်းမြောက်နှင့်ဆက်စပ်ဒေသများ၌ ထိန်းချုပ်ခံထားရသော တရုတ်စီမံကိန်း ၁၀ ခုရှိ ရှမ်းပြည်နယ်(မြောက်ပိုင်း)အပါအဝင် ဆက်စပ်နေသော မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၉ ခုရှိသည့်အနက် ၁၀ ခုကို (၂၀၂၄ ခုနှစ် ဩဂုတ် ၁၈ ရက်အထိ) တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDFs) များက အပြည့်အဝထိန်းချုပ်ထားသည်။
issue:61, 12 Aug 2024 ISP Mapping နယ်စပ်ကုန်သွယ်ရေး လမ်းဟောင်း၊ လမ်းသစ်နှင့် ဖြစ်နိုင်ခြေရှိသည့်လမ်းကြောင်းများ ရှမ်းမြောက်ကုန်သွယ်ရေးလမ်း ရပ်တန့်သွားပြီးနောက် ကုန်သွယ်ရေးလမ်းသစ်လုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်။ ‘စစ်ဆင်ရေး ၁၀၂၇’ အလွန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) က ကျိုင်းတုံစခန်းကိုဖြတ်၍ အထူးဒေသ-၄ မိုင်းလားအဖွဲ့ (NDAA-ESS) ၏ မိုင်းလားဂိတ်မှ ကုန်သွယ်ခြင်းများရှိခဲ့သည်။
issue:60, 12 Aug 2024 ISP Mapping မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတန်ဖိုး ၉၁ ရာခိုင်နှုန်းကို EAOs များ ထိန်းချုပ်ထား အာဏာသိမ်းမှုအလွန် သုံးနှစ်ကျော်ကာလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံအကြား တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းငါးခု၏ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံကျော် ရှိသည်။
issue:42, 13 Apr 2024 ISP Mapping မြ၀တီမြို့ ကျပြီးနောက် နိုင်ငံတဝန်း နယ်စပ်ထိန်းချုပ်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအခြေအနေ နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိသည့်အနက် ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင်(EAOs)များနှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။
13 Apr 2024 Data Matters မြန်မာ့ပြည်တွင်းစစ်၏ နိုင်ငံရေးဘောဂဗေဒ ဆန်းစစ်ချက် ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်တွင် ကရင်ပြည်နယ် မြ၀တီမြို့ကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်မှု၏ ၆၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးသွားခဲ့ပြီဖြစ်ပါသည်။
18 Dec 2023 ISP Clips ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေး မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ အားတက်စရာမရှိဘဲ ကျဆင်းနေပါတယ်။ I SP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ဒီအကြောင်းခြင်းရာကို အချက်အလက် အခြေပြု ပိုင်းခြား ဖော်ပြထားပါတယ်။
18 Jul 2023 ISP Clips အခြေမခိုင် စီးပွားရေး ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာ့စီးပွာရေးဟာ ဂျီဒီပီ သုံးရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းပေမယ့် ဒါဟာ အခြေမခိုင်သေးတဲ့ နာလန်ထမှု (Fragile Recovery) အဖြစ်ပဲ ရှိနေပါလိမ့်မယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုအစီအစဉ်မှာတော့ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
2 Nov 2022 ISP Clips အာဏာသိမ်းမှုအလွန် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ အာဏာသိမ်းမှုအလွန် အခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ စွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့ပါတယ်။ ISP-Myanmar ရဲ့ ဒီတပတ် မြင်ကွင်းကျယ်မှတ်စုမှာ ကဏ္ဍအလိုက် ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြောင်းချင်းရာတွေကို အချက်အလက်အခြေပြု ပိုင်းခြားဖော်ပြထားပါတယ်။
29 Dec 2021 What Matters အထည်ချုပ်လုပ်ငန်း အပ်နှံထားသည့် နိုင်ငံခြားကုမ္ပဏီများအပါအဝင် လုပ်ငန်းများ ဆက်လက် ရပ်နားထွက်ခွာနေ မကြာသေးခင်ကပဲ ဆွီဒင်နိုင်ငံက H&M၊ စပိန်နိုင်ငံက Inditex၊ ဗြိတိန်နိုင်ငံက Primark တို့အပါအဝင် ကမ္ဘာကျော် အဝတ်အထည်ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားကြတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတချို့ အာဏာသိမ်းပြီး နောက်ပိုင်း ပြန်လည်ထွက်ခွာသွားကြတာဟာ လုပ်ငန်းပေါင်း ၂၁ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။ ထွက်ခွာသွားတဲ့ လုပ်ငန်းများအနက် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးကတော့ အခြေခံ အဆောက်အဦကဏ္ဍ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်ရတဲ့ ကုမ္ပဏီမှတ်ပုံတင် အရေအတွက်လည်း ဆက်လက် ကျဆင်းနေပါတယ်။ သြဂုတ်မှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီ အရေအတွက် ၃၆၀ သာ ရှိတာကြောင့် ဇူလိုင်နဲ့ နှိုင်းယှဉ်ရင် ၇၃ ခု လျော့ကျသွားတာ ဖြစ်ပါတယ်။ အာဏာမသိမ်းခင် ဇန်နဝါရီနဲ့ နှိုင်းယှဉ်ရင် သြဂုတ်မှာ ကုမ္ပဏီမှတ်ပုံတင် အရေအတွက် လေးဆနီးပါး ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
27 Dec 2021 What Matters နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း သွားပါတယ်။ သြဂုတ်လမှာ တရုတ်နိုင်ငံက မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၄သိန်းကျော် ထပ်တိုးရင်းနှီးမြှုပ်နှံသာဝင်ခဲ့ပြီး ကျန်နိုင်ငံများက ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိပါဘူး။ စစ်ကောင်စီရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် သြဂုတ်လဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အနိမ့်ဆုံးလ ဖြစ်ခဲ့ပါတယ်။
26 Dec 2021 ISP Clips လုပ်ငန်းရပ်နား ထွက်ခွာသည့် နိုင်ငံခြားကုမ္ပဏီ ၂၀ အထိ ရှိလာ အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းရပ်နားတာတွေ အပါအဝင် မြန်မာနိုင်ငံနေ ထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီပေါင်း ၂၀ အထိရှိလာပါတယ်။ ဒီအထဲမှာ ရပ်ဆိုင်း ထွက်ခွာတဲ့ စီမံကိန်း ရှစ်ခု၊ ပိတ်သိမ်းလိုက်တဲ့ လုပ်ငန်း သုံးခု၊ မရေရာတဲ့ အခြေအနေတွေကြောင့် ရပ်နားထားတဲ့ စီမဲံကိန်း ငါးခုနဲ့ လုပ်ငန်းရောင်းချလိုက်တဲ့ ကုမ္ပဏီ နှစ်ခုရှိပါတယ်။ ထွက်ခွာရပ်နားသွားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ များလာချိန်မှာပဲ ပြည်တွင်းမှာလည်း ကုမ္ပဏီ မှတ်ပုံတင်မှုတွေ ကျဆင်းနေပါတယ်။